⏹ မြန်မာနိုင်ငံ၏အခြေအနေများက နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိကြောင်းပါ ထည့်သွင်းပြောဆို
၃၁.၅. ၂၀၂၄
Written by Shwe Phyo
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များသည် “Civil Disobedience Movement” တွင် ပါဝင်ရန်ငြင်းဆန်ပြီး အစိုးရလုပ်ငန်းများဆက်လက်လုပ်ကိုင်နေသည့် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်နစ်စေရန် လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိနေကြောင်း ရုရှားသံအမတ်ကြီးစတာနီလက်ဗ် ဆူပရမ်ကိုက ကုလသမဂ္ဂတွင် ကျင်းပခဲ့သော မြန်မာလူငယ်နှင့်ကလေးငယ်များအရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးနိုင်ရန်အတွက် အကြမ်းဖက်တိုက်ခိုက်မှုများကို လျှော့ချရန်လိုအပ်ကြောင်း၊ နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့်လည်း မြန်မာအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ကူညီထောက်ပံ့ပေးရန်လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီးက ပြောသည်။
သံအမတ်ကြီး ဆူပရမ်ကိုက လက်ရှိအစည်းအဝေးတွင်ပါဝင်နေသော နိုင်ငံအချို့၏လုပ်ရပ်များသည် မြန်မာ့အရေးနှင့်ပတ် သက်ပြီးရည်မှန်းချက်များ အကောင်ထည်ဖော်ရန် တစ်သမတ်တည်းမရှိကြောင်း၊ နိုင်ငံအချို့သည် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးရမည့်အစား ခြိမ်းခြောက်မှုများနှင့် ပိတ်ဆို့မှုချမှတ်ခြင်းလုပ်ဆောင်ခြင်းကို ပိုမိုနှစ်သက်နေကြောင်း ပြောသည်။
မြန်မာအစိုးရဆန့်ကျင့်ရေးအုပ်စုများကို နိုင်ငံအချို့၏ နိုင်ငံရေး၊ သံတမန်ရေးနှင့် ဘဏ္ဍာရေးကူညီထောက်ပံ့ပေးခြင်းများ သည် မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်လာစေမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများကို အချိန်ပိုကြာစေကာ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာစေခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကပြောသည်။
တစ်ဖက်သတ်ပိတ်ဆို့မှုများချမှတ်ခြင်းက မြန်မာပြည်သူများကို ပိုမိုအခက်ခဲများဖြစ်လာစေရန် စီမံဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခက်အခဲဖြစ်မှုများသည် လူငယ်မျိုးဆက်များအပေါ် အနုတ် လက္ခဏာဆောင်သော သက်ရောက်မှုများဖြစ်လာစေခဲ့ကြောင်း၊ ရုရှားသံအမတ်ကြီး စတာနီလက်ဗ်ဆူပရမ်ကိုက ထပ်မံပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေနေများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုရှိနေသည်ဟု မယုံကြည်ကြောင်း၊ ထိုအတွက်ကြောင့် မြန်မာအရေးကိစ္စကို လုံခြုံရေးကောင်စီ ကြိုးပမ်းအားထုတ်ရန် မလိုအပ်ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီးဆူပရူနန်ကိုက ထည့်သွင်းပြောဆိုလိုက်သည်။
အထက်ပါပြောဆိုမှုများအပြင် မြန်မာနိုင်ငံအပေါ် အကြောင်းအမျိုးမျိုးပြပြီး နောက်ထပ်ဖိအားပေးရန် ကြိုးပမ်းမှုများကိုလည်း လက်မခံနိုင်ကြောင်း၊ မြန်မာအစိုးရကိုဆန့်ကျင့်စေရန် လူငယ်များကို အစွန်းရောက်စေရန်နှင့် သွေးထိုးလှုံ့ဆော်မှုများသည် မြန်မာပြည်တွင်းရေးတွင် နောက်ထပ်ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက ပြောသည်။
ဒေသအတွင်း ပထဝီနိုင်ငံရေးအကျိုးစီးပွားနှင့် မြန်မာနိုင်ငံ၏အခြေနေများကို မတည်ငြိမ်စေရန် ကြိုးပမ်းမှုများရှိနေကြောင်း၊ တရားမဝင်တစ်ဖတ်သတ် အကျပ်ကိုင်မှုများကိုအသုံးချပြီး မြန်မာအစိုးရကို ဖိအားထပ်မံပေးရန် ကြိုးပမ်းခြင်းများလည်းရှိနေကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့်လူငယ်များအပါအဝင် လိုအပ်သောအရာအားလုံးကို ကူညီထောက်ပံ့ပေးနေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးချော့မွေစေရန်နှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများ ကြားဝင်ဆောင်ရွက်ပေးနေပြီး ချီးကျူးစရာကောင်းကြောင်းလည်း ရုရှားသံအမတ်ကြီး ဆူပရူနန်ကိုက ပြောသည်။
REF russiaun.