၂၁. ၅. ၂၀၂၄
Translated by Tha Doe
၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့မှာ လန်ဒန်ဟိသရိုးလေဆိပ်ကနေ စင်ကာပူသို့ ပြေးဆွဲတဲ့ စင်ကာပူလေကြောင်းလိုင်း ခရီးစဉ်အမှတ် SQ321 ဟာ ခရီးလမ်းကြောင်းမှာ ပြင်းထန်တဲ့ လေပြင်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာကြောင့် လေယာဉ်ကိုထိုင်းနိုင်ငံ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသလို တစ်ဦးသေဆုံးပြီး လူ ၃၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Singapore Airlines က ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဥ်က ဒီနေ့ မေလ ၂၁ ရက် ထိုင်းစံတော်ချိန် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး Boeing 777- 300ER လေယာဉ် ခရီးစဥ်အမှတ် SQ321 ဟာ ခရီးသည် ၂၁၁ ဦးနဲ့ အမှုထမ်း ၁၈ ဦးလိုက်ပါလာခဲ့တာဖြစ်ပြီး စင်ကာပူစံတော်ချိန် ဒီနေ့ည ၇ နာရီ မိနစ် ၅၀ အထိ စာရင်းတွေအရ တစ်ဦးသေဆုံးခဲ့သလို ၁၈ ဦး အရေးပေါ် ဆေးရုံတင်ထားရပြီး ၁၂ ဦးကတော့ ကုသမှုခံယူနေရတာဖြစ်ပါတယ်။
ကျန်တဲ့ခရီးသည်တွေနဲ့ အမှုထမ်းတွေကိုလည်း သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လိုအပ်သလို စစ်ဆေးကုသပေးနေသလို သေဆုံးသွားတဲ့သူအတွက် အထူးဝမ်းနည်းကြောင်း၊ နောက်ထပ်လိုအပ်တဲ့အကူအညီတွေပေးဖို့ စင်ကာပူလေကြောင်းလိုင်းအဖွဲ့တစ်ဖွဲ့က ဘန်ကောက်မြို့ဆီသွားရောက်နေသလို ထိုင်းအာဏာပိုင်တွေနဲ့ချိတ်ဆက်ပြီး လိုအပ်သလိုကူညီပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။