၁၇.၅.၂၀၂၄.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒက်ကာ-စစ်တကောင်း အဝေးပြေးကားလမ်းမကြီးအတိုင်း မောင်းနှင်လာသော ဘတ်စ်ကားတစ်စီးမှာ ကော်မီလာခရိုင်၊ ချောက်ဒါဂရမ်နယ်မြေအတွင်းအရောက်တွင် လမ်းဘေးရှိ လျှိုတစ်ခုအတွင်းသို့ မေလ ၁၇ ရက်နံနက်ပိုင်းက ထိုးကျသွားခဲ့ရာ အနည်းဆုံးလူ ၅ ဦးသေဆုံး၍ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းများအရ သိရသည်။
သေဆုံးသူများအနက် နှစ်ဦးကိုသာ မည်သူမည်ဝါဖြစ်ကြောင်းအတိအကျ ဖော်ထုတ်နိုင်သေးပြီး အခြားသော သေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း လောလောဆယ်မသိရသေးပေ။
Relax Transport ခရီးသွားလုပ်ငန်းမှပိုင်ဆိုင်သော အဆိုပါဘတ်စ်ကားက ဒက်ကာမြို့မှ စစ်တကောင်းမြို့သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်မောင်းက ကားအားမထိန်းချုပ်နိုင်၍ ဤကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောခဲ့သည်။
ဒဏ်ရာရရှိသူများကို ချောက်ဒါဂရမ်နယ်မြေ ကျန်းမာရေးရုံးသို့ ဦးစွာတင်ပို့ခဲ့ကာ ၎င်းတို့အနက် လေးဦးကိုမူ ကော်မီလာဆေးကောလိပ်ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ကြောင်း သိရသည်။
Ref- Dhaka Tribune