၁၆. ၅. ၂၀၂၄
Written by Thettant
TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈) ရှုခင်းသာမှာ မေလ ၁၄ ရက် ည (၈း၃၀)အချိန်က အင်တာနက်လာရောက် အသုံးပြုနေတဲ့ အမျိုးသား (၂)ဦးထံက ဆိုင်ကယ်နှင့် ဖုန်း ရိုက်နှက် လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
လုယက်ခံရသူတွေပ မိုင်းအအေးနှင့် မိုင်းအငေး ဖြစ်ပြီး ဟိုကျန့်ကျေးရွာကတစ်ဆင့် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)၊ ရှုခင်းသာမှာ အင်တာနက်လိုင်း လာရောက်အသုံးပြုနေချိတ် အမည်မသိ လူ(၃)ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး မိုင်းအအေးနှင့် မိုင်းအငေးတို့ (၂)ဦးကို ဓားထောက်ကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ဖုန်းနှင့်ဆိုင်ကယ် လုယူထွက်ပြေးသွားခဲ့တာပါ
ဒီလို ထိုးကြိတ်ရိုက်နှက်ခံရမှုကြောင့် မိုင်းအအေးနဲ့ မိုင်းအငေးတို့မှာ မျက်နှာ ဖူးယောင်ဒဏ်ရာရရှိခဲ့သလို ထိန်းချုပ်ထားတဲ့ TNLA က လုယက်သူတွေဖမ်းဖို့ကြိုးစားနေတယ်ပြောပါတယ်။
TNLA ထိန်းချုပ်ထားတဲ့မြို့ခုနစ်မြို့မှာ ပြည်သူအနည်းငယ်သာရှိပေမဲ့ မူးယစ်ဆေးသုံး ရိုက်နှက်လုယက်သတ်ဖြတ်မှုတွေကတော့ မကြာခဏဖြစ်ပွားနေပြီး တရားခံဖမ်းမိခြင်းလည်းမရှိတဲ့အမှုတွေ များပြားနေပါတယ်။