၁၅.၅.၂၀၂၄
Written By Thandar
Mahar Original Series က ရိုက်ကူးမယ့် “သစ္စာဖြင့်သာ စီရင်စေ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အိမ်တော်ရာစေတီမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်လမ်းတွဲက ကျွန်တော် ပထမဆုံးရိုက်မှာဖြစ်ပါတယ်။ ဇာတ်လမ်းစပြီးလာပေးကတည်းက အကို့ကြည့်ဖြစ်တော့ Actor တွေများတယ်။ အကို Actor များများရိုက်ရတာ အကျိုးပေးတယ်ပြောရမယ်။ အကို ရုပ်ရှင်ပထမဦးဆုံးစရိုက်တော့ ချူဆီ မင်းသားအများကြီး မင်းသမီးအများကြီးပေါ့။ ခု ဒီဇာတ်ကလည်း ရည်းစား ၃၊ ၄ ယောက်လောက်ထားကြတယ်။ မိသားစုတစ်ခုက ကလေးတွေရတယ်။ ဒါ့ပြင် မြေးတွေရလာတဲ့အထိဆိုတော့ သရုပ်ဆောင်ကများသွားတယ်ဆိုပေမယ့် သူ့အပိုင်းနဲ့သူပေါ့။ ဒီကားက အကိုရဲ့ Challenge တစ်ခုအနေနဲ့ရိုက်မယ့်ကားလို့ ပြောလို့ရပါတယ်” လို့ ဒါရိုက်တာ အကယ်ဒမီမင်းဦးက ပြောပါတယ်။
ဝတ္ထု သျှင်မ ဇာတ်ညွှန်းကို ကကြိုးသျှင် ရေးသားပြီးတော့ ဒါရိုက်တာ အကယ်ဒမီ မင်းဦးက သစ္စာတရားရဲ့ ကြီးကျယ်ခမ်းနားမှုကို ဇာတ်လမ်း ဇာတ်အိမ်တည်ရိုက်ကူးမှာဖြစ်ပါတယ်။
“မလင်းကလည်း ကိုမင်းဦး ရိုက်မယ်ဆိုတာနဲ့ ယုံကြည်ပြီတော့ လက်ခံဖြစ်တာပါ။ မလင်းနဲ့ မလိုက်ဖက်တဲ့ ဇာတ်ရုပ်ဆိုရင် သူလက်ခံမှာ မဟုတ်ဘူးလေ။ မလင်းနဲ့ ကိုယ့်မောင်နှမတွေ ဆုံတွေ့ရိုက်ရမှာမို့ ထူးခြားတဲ့ရသတစ်ခုရမှာပါ”လို့ သရုပ်ဆောင်လင်းဇာနည်ဇော်က ပြောပါတယ်။
သရုပ်ဆောင်တွေအဖြစ် အေးချမ်းမောင်၊ ညီနန္ဒ၊ ကျော်ကျော်၊ နေထွဋ် ၊ မယ်လိုဒီ၊ လင်းဇာနည်ဇော် ၊ ဆုပန်ထွာ၊ ဖူးစုံ ၊ ရွှေသမီး၊ ခြူးလေး၊ မိုးပွင့်ဖြူ၊ ယွန်းဝင့်လွှာအောင် ၊ ကျော်ဇင်ထွဋ်၊ Kai ၊ Gu Gu၊ နှင်းဝတ်ရည်ကျော်၊ တာတာ ၊ ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ ဇွဲဝေယံထက်၊ ရှင်ပြုံးခင်၊ နန်းကုဋေစံဦး၊ မိကြယ်စင် ကျော်ကျော်၊ ဟိန်းသီရိစံ တို့အပြင် အထူးဧည့်သည်သရုပ်ဆောင် မြင့်မြင့်ခိုင်က ပါဝင်ရိုက်ကူးပေးကြမှာဖြစ်ပါတယ်။