၁၄.၅.၂၀၂၄
Written by KL
ရှမ်းပြည််နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊အမှတ်(၃) ရပ်ကွက်၊ သုခလမ်းရှိ ဆံပင်အလှပြုပြင်ရေးဆိုင်တွင် မေလ ၁၃ ရက် ည ၈ နာရီခွဲခန့်က လူငယ် ၅ ဦး ပင်လယ်စာဖြင့် ဟော့ပေါ့လုပ်စားရင်း ကိုလာသောက်ရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ပင်လယ်စာ၊ ဟော့ပေါ့၊ ဟော့ဒေါ့၊ ကိုကာကိုလာ စားမိရင်း ၅ ယောက်လုံး အစာအဆိပ်သင့်တာ။ သူတို့ဆိုင်ခန်းကနေပြီး လားရှိုးပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပါတယ်”ဟု သွားရောက်ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။
သူငယ်ချင်းများဖြစ်သော အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦးတို့က ပင်လယ်စာဟော့ပေါ့ချက်စားရာမှ သတိလစ်ခြင်း၊ မူးဝေအော့အန်ခြင်းများ ဖြစ်ပွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစာဆိပ်သင့်မှုမှာ ပင်လယ်စာများ မလတ်ဆတ်ပါကလည်းကောင်း၊ သုံးစွဲထားသော ပစ္စည်းများ သက်တမ်းကုန်ဆုံးနေပါကလည်းကောင်း၊ ချက်ပြုတ်ရာတွင် သန့်ရှင်းမှုအားနည်းပါက အစာအဆိပ်သင့်မှု ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။
အစာအဆိပ်သင့်မှု ဖြစ်ပွားသူများကို လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ အသင်းဝင်များက လူနာတင်ယာဉ် ၂ စီး၊ကမ်းလင့်လက် ပရဟိတအသင်းမှ အသင်းဝင်များက လူနာ တင်ယာဉ် ၂ စီးတို့ဖြင့် လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။