၁၄.၅.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အမေရိကန်အစိုးရက ယူကရိန်းကို စစ်ရေးအကူအညီတွေ ထပ်မံထောက်ပံရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် မေလ ၁၄ ရက်မှာ ယူကရိန်းမြို့တော် ကီးအက်ဗ်
ကို ရောက်ရှိလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
သတင်းတွေအရ ဘလင်ကန်အနေနဲ့အခက်အခဲအခြေအနေနဲ့ကြုံတွေ့နေရတဲ့ ယူကရိန်းအစိုးရကို အမေရိကန်က စစ်ရေးအကူအညီဆက်ပေးဖို့ ထပ်မံအာမခံမှုကိုပြသတဲ့အနေနဲ့ ယူကရိန်းကိုရောက်ရှိလာတာလို့ ဘလင်ကန်နဲ့အတူလိုက်ပါလာတဲ့ အမည်မဖော်ပြသော အမေရိကန်အရာရှိတစ်ဦးက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ အမေရိကန်အရာရှိက နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဥ်က တကယ်ဆိုရင် ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက်အထောက်အပံ့တွေ ဘယ်လိုပေးမလဲဆိုတာဆွေးနွေးဖို့နဲ့ စစ်မြေပြင်မှာ တန်ပြန်တိုက်ခိုက်မှုတွေပြုသွားနိုင်အောင်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စစ်ရေးအကူအညီဒေါ်လာသန်း ၄၀၀ ဖိုးထပ်ပို့ဖို့ အစောပိုင်းက အမိန့်ပေးခဲ့တာပါ။ ဘိုင်ဒန် သမ္မတဖြစ်ချိန်ကစလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒေါ်လာ ၅၁ ဒသမ ၃ ဘီလျံဖိုး လုံခြုံရေးအထောက်အပံ့ဆိုပြီး ပေးခဲ့တာပါ။
ဒါ့ပြင် ဂျိုးဘိုင်ဒန်ဧပြီလအတွင်းလက်မှတ်ထိုးခဲ့တဲ့ ပြည်ပထောက်ပံ့ရေးအကူအညီ ဥပဒေအရ ယူကရိန်းသို့စစ်ရေးအထောက်အပံ့ဒေါ် လာ ၂၃ ဒသမ ၂ ဘီလျံဖိုးအပါအဝင် ဒေါ်လာ ၆၀ ဒသမ ၈ ဘီလျံဖိုး ထပ်မံကူညီသွားမယ်လို့ ဆိုပါတယ်။ ထိုဥပဒေကို လက်မှတ်ထိုးအတည်ပြုတုံးက ဂျိုးဘိုင်ဒန်က ယူကရိန်းနှင့် အစ္စရေးတို့ကို အထောက်အပံ့ပေးရေး ဒီအစီအစဉ်က ကမ္ဘာကြီး ပိုမိုငြိမ်းချမ်းရေးနဲ့ ပို၍လုံခြုံမှုရှိစေရေးတို့အတွက်ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။
Ref -Reuters, Tass