၁၄. ၅. ၂၀၂၄
Written by Thettant
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲက ချန်ကလန်နဲ့ မူအန် ချင်းမိုင်ခရိုင်ခွဲတွေက နေရာ ၆ နေရာကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန်မှာ တရားဝင်အထောက်အထားမရှိဘဲနေထိုင်နေတဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံကို အခြေပြုလှုပ်ရှားနေတဲ့ တရားမဝင်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးနဲ့ နှိမ်နင်းရေးအတွက် မြန်မာနိုင်ငံသားတွေဝင်ရောက်နေထိုင်မှုများတဲ့နေရာတွေကို ဦးတည်စစ်ဆေးနေတဲ့ ထိုင်းအာဏာပိုင်တွေက မေလ ၁၃ ရက်ညမှာ ပိတ်ဆို့ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေချည်း ဖမ်းမိခဲ့တာပါ။
ဖမ်းမိခဲ့တဲ့ သူတွေဟာ လူငယ်တွေအများစုပါဝင်ပြီး အမျိုးသမီး ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့ ကနဦးသတင်းတွေဖော်ပြထားကြပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံဟာ လူငယ်အမျိုးသားတွေကို ပြည်ပထွက်ခွင့် အသက်အကန့်အသတ်နဲ့ ပိတ်ပင်ထားသလို စစ်မှုထမ်းဥပဒေပပြင် လက်နက်ကိုင်အားလုံးကလည်း ပေါ်တာဆွဲတာ၊ စစ်သားစုဆောင်းတာ လုပ်ကိုင်နေတာကြောင့် လူငယ်တွေဟာ ပြည်ပကိုတရားမဝင်ထွက်ခွာတိမ်းရှောင်မှု မြင့်တက်လာနေတာပါ။