၁၄.၅.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ မေလ ၁၃ ရက်က မိုးရွာသွန်းပြီးလေပြင်းမုန်တိုင်းတိုက်ခတ်တာကြောင့် ကြီးမားလှတဲ့ကြော်ငြာဘုတ်ကြီးတစ်ခုပြုတ်ကျရာမှာbအနည်းဆုံးလူ ၄ ဦးသေဆုံးပြီး ၆၁ ဦးဒဏ်ရာရကာ ၄၀ ကျော်မှာ ကြီးမားလှတဲ့ ကြော်ငြာဘုတ်ကြီးအောက်မှာပိတ်မိနေကြတယ်လို့ ဒေသခံအရာရှိတွေက ပြောခဲ့ကြပါတယ်။
ရုတ်တရက် ပြင်းထန်စွာ တိုက်ခတ်တဲ့မိုးသက်မုန်တိုင်းကြောင့် ဂတ်ကိုပါ ဆင်ခြေဖုံးဒေသအတွင်း လူသွားလူလာထူထပ်တဲ့လမ်းတစ်ခုဘေးမှာရှိတဲ့ ကြော်ငြာဘုတ်ကြီးက အိမ်တချို့နဲ့ ဓာတ်ဆီဆိုင်တစ်ခုအပေါ်ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။
ပြုတ်ကျကြော်ငြာဆိုင်းဘုတ်ကြီးအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့လည်း မီးသတ်၊ ရဲတပ်ဖွဲ့၊ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့နဲ့ ဒေသအာဏာပိုင်တွေပူးပေါင်းဆောင်ရွက် နေကြပါတယ်။
မွမ်ဘိုင်းမြို့မှာ လေပြင်းမုန်တိုင်းက မေလ ၁၃ ရက်က တစ်နာရီမိုင် ၄၀ မှ ၅၀ အထိ တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Ref- CNA