MT News
၁၃. ၄. ၂၀၂၄
၂၀၂၄ ခုနှစ် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲပေါင်း ၃၇၁၈ တွဲ ရောင်းချနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ၅၉ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ပြီး ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးခဲ့ရာမှ ပုလဲအတွဲ ၃၇၉ တွဲ၊ ကျောက်မျက်အတွဲ ၈၈ တွဲ၊ အုပ်စု (A) နှင့် အုပ်စု (B) မှ ကျောက်စိမ်းအတွဲ ၁၅၃၉ တွဲနှင့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲ ၁၇၁၂ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း ၃၂၅၁ တွဲကို ရောင်းချပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယခု ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မေ ၃ ရက် မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။