၁၂.၅.၂၀၂၄
Translated by Htwe Ko Tun
အာဖဂန်နစ္စတန်မြောက်ပိုင်းကို ဆိုးဆိုးဝါးဝါးပျက်စီးစေခဲ့သော ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၃၀၀ ခန့် သေဆုံးခဲ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က မေလ ၁၂ ရက်တွင် ကြေညာခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ဘန်ဒက်ရှန်ပြည်နယ်၊ ဂိုပြည်နယ်၊ ဘက်လန်ပြည်နယ်နှင့် ဟီရတ်ပြည်နယ်တို့မှာ ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့ခဲ့ရပြီး အိမ် ၂,၀၀၀ နီးပါးပျက်စီးခဲ့ရကြောင်း WFP အရာရှိတစ်ဦးက ကြေညာချက်မထုတ်ပြန်မီတစ်ရက်က ပြောခဲ့သည်။
ဘက်လန်ပြည်နယ်တွင် လူ ၃၀၀ ကျော်သေဆုံးခဲ့ကာ အိမ် ၁,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွန်ခဲ့သောအပတ်များအတွင်း ရေလွှမ်းမိုးမှုနှင့်ကြုံခဲ့ရကြောင်း WFP က လူမှုကွန်ရက် X တွင်ရေးသားခဲ့သည်။
ရေလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ရသော ပြည်သူ ၆၀၀,၀၀၀ ခန့်အနက် ထက်ဝက်ကျော်ခန့်မှာ ကလေးများဖြစ်ကြကြောင်းလည်း Save The Children က ပြောကြားခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ရေလွှမ်းမိုးမှုဒဏ်ခံရသောပြည်နယ်များတွင်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်နေသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ(IRC) လုပ်ငန်းများ စတင်မဆောင်ရွက်နိုင်သေးဘဲ ပြည်သူထောင်နှင့် ချီ၍ သောင်တင်နေရကြောင်း ပြောခဲ့သည်။
Ref- CNN