၁၂ .၅ . ၂၀၂၄
Written by MMAK
◾မန်ယူ Vs အာဆင်နယ်
Super Sunday ညရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို မန်ယူအသင်း ရပ်တန့်ပေးနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ သို့ပေမဲ့ လက်ရှိခြေစွမ်းမှာတော့ မိုးနဲ့မြေလိုကွာခြားနေပြီး အနိုင်ရမှဖြစ်မဲ့ အဝေးကွင်းအာဆင်နယ်အသင်းက နှစ်လုံးကိုးဆယ်စားထိ ကြေးကြောပေးထားပါတယ်။ မန်ယူအသင်းရဲ့ ခြေစွမ်းက ယုံစားလို့မရသလို နောက်တန်းကစားသမားတွေ အများအပြားဒဏ်ရာ ရနေတာကြောင့် ကွင်းလယ်အဖျက်ကစားသမား ကတ်ဆီမီရိုနဲ့ အရံကစားသမား အီဗန်တို့ဝင်ကစားနေရပြီး ဖုန်းတဂိုး အိုနာနာနဲ့ ဘယ်ခြမ်းမှာ ဘယ်လိုမှသုံးစားလို့မရတဲ့ ဘစ်ဆာကာတို့် ပွဲထွက်လာမဲ့ မန်ယူအသင်းခံစစ်ကို အာဆင်နယ်အသင်း သေချာပေါက် ဂိုးသွင်းနိုင်ပါလိမ့်မယ်။ ကိုဘီမိုင်နူးနဲ့ တော်မီနေးတို့ရဲ့ မန်ယူအသင်းကွင်းလယ်က အိုဒီဂတ်၊ ဒီကလန်ရိုက်နဲ့ ပါတေးတို့ကစားလာမဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကို ယှဉ်ကစားဖို့ဆိုတာ မလွယ်ပါဘူး။ တိုက်စစ်မှာ ဖာနန်ဒက်နဲ့ ဂါနာချိုတို့နှစ်ယောက်သာ ပုံမှန်ခြေစွမ်းရှိနေပြီး ဟော့လန်း၊ ရက်ရှ်ဖို့နဲ့ အန်တိုနီတို့က ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေချိန်မှာ အာဆင်နယ်အသင်းရဲ့ ခံစစ်ကို ဂိုးသွင်းနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာကောင်းပါတယ်။ မန်ယူအသင်းအနေနဲ့ အိမ်ကွင်းအားသာချက်တစ်ခုသာရှိပြီး ခြေစွမ်းနဲ့ စည်လုံးမှုအပြင် အနိုင်ရယူမဲ့ ယုံကြည်ချက်မျိုးလည်း အာဆင်နယ်အသင်းလိုမျိုး တက်ကြွမနေပါဘူး။ အနိုင်ရမှဖြစ်မဲ့ အာဆင်နယ်အသင်း အဝေးကွင်းကနေ တစ်ဂိုးအနိမ့်ဆုံးနဲ့ နိုင်ဦးမှာဖြစ်ပြီး မန်ယူရဲ့ ခံစစ်ညံ့လွန်းတဲ့အချက်ကြောင့် ဂိုးပြတ်နိုင်သွားမယ်ဆိုလည်း အံ့သြစရာမရှိပါဘူး။ အာဆင်နယ်အသင်းကိုပဲ ရွေးရမှာပါ။
◾ဒမ်းစတက် Vs ဟော့ဖန်ဟိမ်း
ဂျာမာန်ဘွန်ဒက်လီဂါကို ချန်ပီယံလိဂ်ဝင်ခွင့် ငါးသင်းထိပေးလိုက်တဲ့အတွက်ကြောင့် အဆင့်ခုနှစ်ထိ ဥရောပဝင်ခွင့်ရှိနေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဟော့ဖန်ဟိမ်းအသင်းအတွက် နောက်ရာသီကွန်းဖရင့်လိဂ်ကန်ရဖို့ အခွင့်အရေးရှိလာပြီး တန်းဆင်းသွားတဲ့ ဒမ်းစတက်အသင်းကို အနိုင်ကန်နိုင်မယ်ဆို မျှော်လင့်ချက်ရှိလာမှာ ဖြစ်ပါတယ်။ အဝေးကွင်းဟော့ဖန်ဟိမ်းအသင်းက တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးရှစ်ဆယ်စားဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်းအသင်းရဲ့ အဝေးကွင်းနောက်ဆုံးလေးပွဲလုံး ရှုံးပွဲတွေ့ခဲ့သလို ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ တစ်လုံးငါးဆယ်အရှုံးပေးခဲ့တဲ့ ဟော့ဖန်ဟိမ်းအသင်းအနေနဲ့ အခုပွဲစဉ်မှာ တစ်လုံးငါးဆယ်စားလောက်ထိ ပေးသင့်တာ ဖြစ်ပေမဲ့ တစ်လုံးသရေထိ ကြေးကြောပေးထားတာတွေ့ရပါတယ်။ တန်းဆင်းသွားပြီဖြစ်တဲ့ ဒမ်းစတက်အသင်း ဘာမှအရေးမကြီးတာ ဖြစ်ပေမဲ့ ဟော့ဖန်ဟိမ်းအသင်း အနိုင်ရရင် ဥရောပဝင်ခွင့် ရနိုင်တာကြောင့် အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ နိုင်အောင်ကန်မဲ့ပွဲပါ။ ဒီအတွက်ကြောင့် ဟော့ဖန်ဟိမ်းအသင်း ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဂျူဗင်တပ် Vs ဆလာနီတာနာ
နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ဂျူဗင်တပ်အသင်း တန်းဆင်းသွားရပြီဖြစ်တဲ့ ဆလာနီတာနာနဲ့ အတွေ့မှာ အနိုင်ရမှာ သေချာပါတယ်။ သို့ပေမဲ့ ဘော်ဒီကြေး နှစ်လုံးငါးဆယ်အရှုံး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးပေးရအောင် ဒီလောက်ထိကြေးပြင်းဖို့မလိုသလို ဂိုးပြတ်ကြီးအနိုင်ရဖို့လည်း မလိုပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်လည်း သေချာနေသလို တစ်ဖက်အသင်းကလည်း တန်းဆင်းသွားရပြီဖြစ်တဲ့အတွက် ဘာဖိအားမှမရှိသလို ဘာအတွက်မှ အရေးမကြီးတော့တဲ့အတွက် အားကျိုးမာန်တက် ကန်ရမဲ့ပွဲမဟုတ်ပါဘူး။ ဂျူဗင်တပ်အသင်း တကယ်ကန်ရမှာက ကြားရက် ကြာသာပတေးညမှာ ကန်ရမဲ့ အတ္တလန်တာအသင်းနဲ့ ကိုပါအီတာလီယာ ဖိုင်နယ်ပွဲစဉ်ကိုပါ။ ဘာအတွက်ကြောင့် ဒီပွဲမှာ ဂိုးပြတ်ကြီး အားသွန်ခွန်စိုက်ကန်ရမှာတုန်း။ နိုင်ရင်တော်ပြီပေါ့။ အဝေးကွင်းဆလာနီတာအသင်းကလည်း ပိတ်ကစားရုံကလွဲပြီး တစ်ဂိုးရဖို့တောင် မလွယ်တဲ့အတွက် ဂိုးအောက်ကလွဲပြီး ရွေးချယ်စရာမရှိပါဘူး။ အများဆုံး သုံးဂိုးလောက်သာ မြင်ရနိုင်ပြီး လေးဂိုးလောက်ထိ ရောက်မယ်လို့ မထင်ပါဘူး။ ဂိုးအောက်ကိုသာ ရွေးချယ်စေချင်ပါတယ်။
◾ အတ္တလန်တာ Vs ရိုးမား
အီတလီ စီးရီးအေကို ချန်ပီယံလိဂ်ဝင့်ခွင့် ငါးနေရာထိ ပေးလိုက်တဲ့အတွက် နောက်ဆုံးလက်ကျန်တစ်နေရာအတွက် အတ္တလန်တာ ၊ ရိုးမားနဲ့ လာဇီယိုတို့သုံးသင်းလုံး အခွင့်အရေးရှိလာနိုင်ပါတယ်။ အစောပွဲကန်ရမဲ့ လာဇီယိုအသင်း အိမ်ကွင်းမှာ အမ်ပိုလီအသင်းကို အနိုင်ကန်လာမယ်လို့ ယုံကြည်တဲ့အတွက် အတ္တလန်တာနဲ့ ရိုးမားအသင်းတို့ကို ဖိအားလိုက်ပေးမှာ သေချာပါတယ်။ ရမှတ်ချင်းတူနေတဲ့ အတ္တလန်တာနဲ့ ရိုးမားအသင်းကို ဘယ်အသင်းမှ မနိုင်စေချင်ဘဲ သရေလောက်သာ ပေးချင်ပါတယ်။ ဒါမှ ချန်ပီယံလိဂ်ဝင်ခွင့်က ပိုကြည့်ကောင်းလာမှာ ဖြစ်ပြီးနောက်ဆုံးအချိန်ထိ အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။ အိမ်ရှင်အတ္တလန်တာအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စားဖြစ်ပါတယ်။ ဒီကြေးအရ ရိုးမားအသင်း ဂိုးရနိုင်သလို ကြေးတွေ ခနခနအောင်နေတဲ့ အတ္တလန်တာအသင်းကလည်း ကြေးပြန်ကျချိန်တန်ပြီ ဖြစ်ပါတယ်။ နောက်တစ်ချက်က အတ္တလန်တာအသင်း နောက်သုံးရက်နေရင် ဂျူဗင်တပ်အသင်းနဲ့ ကိုပါအီတာလီယာဖလား ဖိုင်နယ်ပွဲကန်ရမှာ ဖြစ်တဲ့အတွက် ဒီပွဲလည်းအရေးကြီးတာ မှန်ပေမဲ့ သရေရလဒ်ဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သရေရရင် ကြေးအပြည့်ရမဲ့ ရိုးမားအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘိုချမ် Vs လေဗာကူဆင်
လေဗာကူဆင်အသင်းတစ်ရာသီလုံး ပြိုင်ပွဲစုံ ရှုံးပွဲမရှိစံချိန်ကို ရနိုင်သလောက် ထိန်းချင်ပုံရသလို အမှတ်ပေးလိဂ်မှာ ရှုံးပွဲမရှိစံချိန်ရဖို့ နှစ်ပွဲသာ ကစားရဖို့ကျန်ရှိနေတာ ဖြစ်ပါတယ်။ နောက်တစ်ပွဲက အိမ်ကွင်းမှာ ကန်ရမှာ ဖြစ်လို့ အခက်အခဲသိပ်မရှိဘဲ အခုအဝေးကွင်းပွဲကိုသာ အာရုံစိုက်ထားဖို့ လိုပါတယ်။ ဘိုချမ်အသင်းက အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ အသင်းဖြစ်ပြီး နောက်ဆုံးနှစ်ပွဲမှာ ခုနှစ်ဂိုးထိသွင်းထားနိုင်ပြီး တန်းဆင်းဇုန်က သေချာ ပေါက် လွတ်ဖို့အတွက် တစ်မှတ်လောက်လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းလေဗာကူဆင်အသင်းက တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံးဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘိုချမ်အသင်း ဂိုးရမယ်ထင်သလို လေဗာကူဆင်အသင်းလည်း ဂိုးရမှာဖြစ်ပြီး အနိမ့်ဆုံး သုံးဂိုးလောက် အသာလေးမြင်ရနိုင်ပွဲဖြစ်ပါတယ်။ လေဗာကူဆင်အသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာဂိုးပေါင်းကြေး သုံးလုံးအရှုံးထွက်တဲ့ပွဲတွေ သိပ်မတွေ့ရဘဲ ဒီပွဲစဉ်မှသာ ပြန်လည်တွေ့ရတာ ဖြစ်ပါတယ်။ မနေ့ညက ဘွန်ဒက်လီဂါပွဲစဉ်တွေမှာ တစ်ပွဲသာ ဂိုးပေါင်းအောင်ခဲ့သလို ယနေ့ည ဘွန်ဒက်လီဂါသုံးပွဲမှာလည်း ဒီပွဲက ဂိုးပေါင်းအောင်ဖို့ အကောင်းဆုံး ပွဲစဉ်ဖြစ်ပါတယ်။ နှစ်ဖက်သွင်းဂိုးတွေ အပြန်အလှန်မြင်ရနိုင်တာကြောင့် ဂိုးပေါ်ရွေးပေးချင်ပါတယ်။
◾ဂျီနိုအာ Vs ဆက်ဆူအိုလို
အမှတ်မလိုတဲ့ ဂျီနိုအာအသင်း နောက်ဆုံး နှစ်ပွဲမှာ ခြောက်ဂိုးသွင်းပြီး သုံးဂိုးပြန်ပေးထားတာ တွေ့ရပြီး တိုက်စစ်ကဂိုးသွင်းနိုင်သလို ဂိုးလည်းပြန်ပေးတတ်တဲ့အသင်းဖြစ်ပါတယ်။ ဆက်ဆူအိုလိုအသင်းကလည်း တန်းမဆင်းရဖို့အတွက် အနည်းဆုံးသရေတစ်မှတ်ကနေ အနိုင်သုံးမှတ်ထိရရင် ပိုကောင်းတာ ဖြစ်တဲ့အတွက် အမှတ်မလိုတဲ့ ဂျီနိုအာအသင်းဆီကနေ အမှတ်ရသလောက်ယူဖို့ ပြင်ဆင်လာမှာပါ။ အိမ်ရှင်ဂျီနိုအာအသင်း ဘော်ဒီကြေး ပြားသုံးဆယ်သာ ပေးထားပေမဲ့ ဂိုးပေါင်းကြေး နှစ်လုံးအရှုံးပေးထားပုံအရ တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်ထင်ပါတယ်။ နှစ်သင်းလုံးက ဂိုးသွင်းနိုင်သလို ခံစစ်ကလည်း ဂိုးပြန်ပေးတတ်အသင်းတွေ ဖြစ်ပြီး တစ်သင်းသင်းဂိုးရတာနဲ့ ကျန်တဲ့အသင်းက ဖွင့်ကစားမှာ ဖြစ်တဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ရှိပါတယ်။ အဓိကအချက်ကတော့ ခံစစ်အားနည်းတဲ့ အသင်းတွေ ဖြစ်တဲ့အတွက် ဂိုးရဖို့ပူပန်စရာမလိုဘဲ စီးရီအေငါးပွဲမှာ ဂိုးပေါ်သွားဖို့် အကောင်းဆုံး ပွဲစဉ်ဖြစ်ပါတယ်။ ဂိုးပေါ်တစ်ကြောင်းတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။