၁၁. ၅ .၂၀၂၄
Written by MMAK
◾ ဖူဟမ် Vs မန်စီးတီး
ပရီးမီးယားလိဂ် ရာသီသိမ်းဖို့ နှစ်ပွဲစီသာ ကျန်ရှိတော့တာ ဖြစ်ပေမဲ့ တချို့အသင်းတွေကတော့ လက်ကျန်ပွဲစဉ်တစ်ပွဲနဲ့ သုံးပွဲကစားဖို့ ရှိနေပါတယ်။ အိမ်ရှင်ဖူဟမ်အသင်းအမှတ်မလိုတာဖြစ်ပေမဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်နေတဲ့အတွက် ပရိတ်သတ်တွေကို အကောင်းဆုံး ကြိုးစားကစားပြမဲ့ပွဲစဉ်ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက်ကတော့ သေချာပေါက်အနိုင်ရဖို့တစ်ခုကလွဲပြီး သရေကျလို့တောင် မရတဲ့ အခြေအနေပါ။ လက်ကျန်သုံးပွဲလုံး အနိုင်ကစားနိုင်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ရလဒ်တွေကို ကြည့်စရာမလိုဘဲ ပရီးမီးယားလိဂ် ဖလားရရှိမှာ ဖြစ်တဲ့အတွက် အနိုင်ရဖို့ သေချာပေါက်လိုပါတယ်။ ပထမအကျော့ မန်စီးတီးအိမ်ကွင်းမှာ နှစ်လုံးသရေပေးခဲ့တာ မှန်ပေမဲ့ ခုအဝေးကွင်းပွဲစဉ်မှာလည်း နှစ်လုံးသရေပေးထားတဲ့ ဘော်ဒီပေါက်ကြေးဟာ ကြေးပြင်းတာ ဖြစ်ပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးအရှုံးဟာ ကြေးပျော့နေပြီး ဒီဘော်ဒီကြေးအရဆို အနိမ့်ဆုံး လေးလုံးငါးဆယ်စားလောက် ပေးသင့်တာဖြစ်ပါတယ်။ ဖူဟမ်အသင်း ဂိုးစရရင် မန်စီးတီးအသင်းက တိုက်စစ်ဖွင့်ကစားမှာ ဖြစ်သလို မန်စီးတီးအသင်း ဂိုးစရရင်လည်း ဖူဟမ်အသင်းက တိုက်စစ်ဖွင့်ကစားမှာ သေချာပါတယ်။ ဖူဟမ်အသင်း အမှတ်မလိုတဲ့အတွက် နိုင်နိုင်ရှုံးရှုံး ပြဿနာ မဟုတ်ပေမဲ့ အိမ်ကွင်းနောက်ဆုံး ပွဲစဉ်မှာ သူတို့ကြိုးစား ကစားခဲ့ပါတယ်ဆိုတဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးစားလာပါလိမ့်မယ်။ အိမ်ရှင်ဖူဟမ်အသင်း ဂိုးရမယ်ထင်သလို ကြေးပြင်းလွန်းပြီး သေချာပေါက်အနိုင်ရဖို့လိုတဲ့ မန်စီးတီးအသင်းလည်း ဂိုးရပါလိမ့်မယ်။ ဘွတ်ကီတွေ ကြေးဘယ်လိုဘဲ လိမ်လိမ် ဂိုးပေါ်ကတော့ သေချာပေါက်ဝင်ရမဲ့ အကွက်မျိုးဖြစ်ပါတယ်။ ဂိုးပေါ်ကိုပဲ ရွေးချယ်ရမှာပါ။
◾ဘုန်းမောက် Vs ဘရန့်ဖို့
ဘုန်းမောက်အသင်းအတွက် အိမ်ကွင်းနောက်ဆုံးပွဲ
စဉ်ဖြစ်ပြီး တိုက်စစ်အားသန်တဲ့ အသင်းဖြစ်တာကြောင့် ဒီအိမ်ကွင်းပွဲကို အနိုင်နဲ့ ပိတ်သိမ်းချင်ပါလိမ့်မယ်။ နှစ်သင်းလုံး အမှတ်မလိုကြတာကြောင့် ထိန်းကစားကြဖို့မရှိဘဲ အိမ်ရှင်ဘုန်းမောက်အသင်းက တိုက်စစ်အသားပေးလွန်းတာ ဖြစ်တဲ့အတွက် ဘရန့်ဖို့အသင်းကလည်း တိုက်စစ်ယှဉ်ကစားလာပါလိမ့်မယ်။ ဘရန့်ဖို့အသင်း အဝေးကွင်းသိပ်မကောင်းသလို တိုက်စစ်ချင်းယှဉ်ကစားလာမယ်ဆိုရင် အိမ်ရှင်ဘုန်းမောက်အသင်းရဲ့ တိုက်စစ်က ဂိုးရဖို့ ပိုများပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘုန်းမောက်အသင်းက ပြားခုနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးဖြစ်ပါတယ်။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်းကြေးပြင်းလွန်းတာ ဖြစ်တဲ့အတွက် နှစ်သင်းလုံး ဂိုးရမဲ့ အနေအထားဖြစ်ပါတယ်။ ဘုန်းမောက်ဘော်ဒီနဲ့ ဂိုးပေါ် နှစ်ခုထဲကတစ်ခု အောင်နိုင်သလို နှစ်ခုလုံး အောင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘုန်းမောက်ဘော်ဒီနေမယ်ဆို ပြားခုနှစ်ဆယ်ရင်းရမှာ ဖြစ်ပြီး ဂိုးပေါ်နေမယ်ဆို အနိမ့်ဆုံး သုံးဂိုးဖြစ်နိုင်တာကြောင့် ပြားခြောက်ဆယ် ရင်းရပါလိမ့်မယ်။ နှစ်ဖက်သွင်းဂိုးတွေကို မြင်ရတာ ပိုကြည့်ကောင်းမှာ ဖြစ်တဲ့အတွက် ပြားခြောက်ဆယ်ရင်းပြီး ဂိုးပေါ်နေစေချင်ပါတယ်။
◾အဲဗာတန် Vs ရှက်ဖီး
တန်ဆင်းသွားပြီးဖြစ်တဲ့ ရှက်ဖီးအသင်း ပွဲစဉ်တိုင်းကို တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် နောက်ဆုံးငါးပွဲဆက် ဂိုးပြတ်ရှုံးထားပြီး ပြိုင်ဖက်အသင်းဂိုးသွင်းသလောက် ခံနေရတဲ့အသင်းဖြစ်ပါတယ်။ အဲဗာတန်အသင်းက တစ်လုံးခြောက်ဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးခပ်ပြင်းပြင်းပေးထားတာ တွေ့ရပြီး ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်အရှုံးဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ အိမ်ကွင်းနောက်ဆုံးလေးပွဲဆက် ဂိုးပေးမထားရတာကြောင့် ရှက်ဖီးအသင်းဂိုးရဖို့မလွယ်သလိုအဲဗာတန်အသင်းကသာ သွင်းဂိုးတွေရရင် ရှက်ဖီးအသင်း ဂိုးပြန်ရဖို့မလွယ်ပါဘူး။ အဲဗာတန်အသင်း အိမ်ကွင်းမှာ အနိမ့်ဆုံးတစ်ဂိုး အနိုင်သေချာသလို ခံစစ်ပြဲလွန်းတဲ့ ရှက်ဖီးကြောင့် ဂိုးပြတ်နိုင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်ရှုံး ပေါက်ကြေးအရ ရှက်ဖီးအသင်းဂိုးမရဘူးလို့ ယူဆလို့ရပြီး အဲဗာတန်အသင်းရဲ့ သွင်းဂိုးတွေကိုသာ မြင်ရဖို့ရှိတာကြောင့် ဂိုးအောက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှက်ဖီးအသင်းရဲ့ ပြဲလွန်းလှတဲ့ ခံစစ်ကို မယုံတာကြောင့် အဲဗာတန်သာ သွင်းမယ်ဆို ဂိုးပြတ်သွားမယ် ထင်ပါတယ်။ အနိမ့်ဆုံး တစ်ဂိုးလောက်နဲ့ နိုင်မှာ ဖြစ်တာကြောင့် ပြားခြောက်ဆယ် ရင်းပြီး အိမ်ရှင်အဲဗာတန်ကိုပဲ ရွေးရဦးမှာပါ။
◾နယူးကာဆယ် Vs ဘရိုက်တန်
နယူးကာဆယ်အသင်း ဥရောပမျှော်လင့်ချက် တစ်နေရာအတွက် ကြိုးစားခွင့်ရှိနေသေးတာကြောင့် အနိုင်ရလဒ်ကို ဦးတည်ကစားလာမှာပါ။ နယူးကာဆယ်က အိမ်ကွင်းကောင်းတဲ့ အသင်းဖြစ်သလို အိမ်ကွင်းတိုက်စစ်က တော်တော်လေးကောင်းပါတယ်။ ဘရိုက်တန်အသင်းကတော့ ခြေစွမ်းအကျဘက်ရောက်နေတာ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့အပတ်မှာ ဗီလာအသင်းကို အနိုင်ရခဲ့တာကြောင့် ဒီပွဲပြန်ရှုံးလို့ ရသွားပြီဖြစ်ပါတယ်။ အိမ်ရှင်နယူးကာဆယ်အသင်းရဲ့ တစ်လုံးသရေ အကျောပေးမှုကို ပျော့တယ်လို့မထင်စေချင်ပါဘူး။ ပထမအကျော့ နယူးကာဆယ်အသင်း အဝေးကွင်းပွဲစဉ်တုန်းက ဘော်ဒီကြေး ဒဲ့ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်း ခြေစွမ်းကျနေသလို အဝေးကွင်းသိပ်မကောင်းဘဲ ဂျာအိုပတ်ဒရို ဒဏ်ရာ ပြန်ရသွားကြောင့် ဒီလိုကြေးမျိုးထွက်လာတာပါ။ နယူးကာဆယ် ဒီပွဲနိုင်ဦးမှာပါ နောက်ပွဲမန်ယူနဲ့ အဝေးကွင်း ပွဲကျမှ အမှတ်လျော့ချင် လျော့ပါလိမ့်မယ်။
ဂိုးပေါင်းကြေး လေးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးအရလည်း အိမ်ရှင်နယူးကာဆယ်က သုံးဂိုးလောက်သွင်းမှ ဂိုးပေါင်းအောင်မဲ့ ကြေးပါ။ အိမ်ရှင်နယူးကာဆယ်အသင်း အီဆတ်တို့ ဂေါ်ဒွန်တို့ရဲ့ တိုက်စစ်အားနဲ့ အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ နိုင်မှာ ဖြစ်တာကြောင့် နယူးကာဆယ်အသင်းကိုပဲ ရွေးရဦးမှာပါ။
◾စပါး Vs ဘန်လေ
နောက်ဆုံးလေးပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ စပါးအသင်း ပြန်လာချိန်တန်ပြီ ဖြစ်သလို အဝေးကွင်းဘန်လေအသင်းကလည်း သရေကျရင်တောင် တန်းဆင်းရမဲ့အသင်းအဖြစ် Offficial ကြေညာရမှာ ဖြစ်တဲ့အတွက် အနိုင်ရလဒ်ကိုပဲ ဦးတည်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲရဲ့ဂိုးပေါင်းကြေးက လေးလုံးနှစ်ဆယ်အရှုံးထိပေါက်နေပြီး ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ရာသီသိမ်းခါနီးဖြစ်တဲ့အတွက် ဘော်ဒီကြေးတွေ ဂိုးပေါင်းကြေးတွေ တအားမြင့်တက်နေတာဖြစ်ပြီး ဘွတ်ကီဖောက်တဲ့ကြေးအတိုင်းဘဲ လိုက်နေရုံရှိတာပါ။ နှစ်သင်းလုံးဂိုးရပြီး သွင်းဂိုးတွေ အပြန်အလှန်မြင်ရမဲ့ ပွဲလို့ဘဲ ယူဆရမှာဖြစ်ပြီး စပါးဘော်ဒီနဲ့ ဂိုးပေါင်းမှာ ဂိုးပေါင်းကိုဘဲ ရွေးချယ်ရဦးမှာပါ။ ဘန်လေအသင်းက ဂိုးစရရင်သာ ပိတ်ကစားသွားနိုင်ပေမဲ့ စပါးကသာ ဂိုးစရရင် ဘန်လေအသင်း ဖွင့်ကစားတော့မှာဖြစ်တဲ့အတွက် သွင်းဂိုးတွေ ထပ်မြင်ရဦးမှာပါ။ ငါးဂိုးသွင်းမှ ကြေးအောင်မှာ ဖြစ်ပေမဲ့ အနိမ့်ဆုံးလေးဂိုးလောက်က အသာလေးမြင်ရနိုင်တာကြောင့် ဂိုးပေါ်ကိုပဲ ရွေးချယ်စေချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs လူတန်
အိမ်ရှင်ဝက်ဟမ်းအသင်း ဥရောပဝင်ခွင့်မျှော်လင့်ချက်မရှိတော့လို့ အမှတ်မလိုတော့တာ ဖြစ်ပေမဲ့ အိမ်ကွင်းနောက်ဆုံး ပွဲစဉ်ဖြစ်လို့ အနိုင်နဲ့ပိတ်သိမ်းဖို့ ကြိုးစားလာဦးမှာပါ။ အဝေးကွင်းလူတန်အသင်းကလည်း သရေကျလို့တောင် အခြေအနေမကောင်းပါဘူး။ နိုင်ပွဲရမှ တန်းမဆင်းရေး မျှော်လင့်ချက်ဆက်လက်ရှင်သန်မှာ ဖြစ်လို့အနိုင်ရလဒ်ကို ဦးတည်ကစားရမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းက နောက်ဆုံးခြောက်ပွဲဆက် အနိုင်မရထားသလို လူတန်အသင်းကလည်း နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပြီး နှစ်သင်းလုံး ခြေစွမ်းမကောင်းတဲ့အချိန်မှာတောင် ဂိုးပေါင်းကြေးက ပြင်းရှနေတာ တွေ့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက တစ်လုံးခုနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးဖြစ်ပါတယ်။ အနိုင်ရဖို့အတွက် နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားမှာ ဖြစ်လို့ ဂိုးပေါင်းကြေး တအားမြင့်နေတာဖြစ်ပြီး ကြေးပြင်းတဲ့အတိုင်း သွင်းဂိုးတွေ မြင်ရဦးမှာပါ။ ဂိုးပေါ်ကိုပဲ ရွေးရဦးမှာပါ။
◾ဝုဗ် Vs ခရစ္စတယ်ပဲလေ့စ်
စနေညမှကစားကြမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရှစ်ပွဲမှာ ဂိုးပေါင်းကြေး အပျော့ဆုံးပွဲစဉ်ဖြစ်ပြီး အဝေးကွင်းခရစ္စတယ်ပဲလေ့စ်အသင်းက ပြားလေးဆယ်အရှုံးပြန်ပေးထားပါတယ်။ ရာသီကုန်ခါနီးမှာ ပဲလေ့စ်အသင်းရဲ့ခြေစွမ်း တိုးတက်လာခဲ့တာတွေ့ရပြီး နည်းပြသစ်ရဲ့ ကစားကွက်နဲ့ အံ့ဝင်လာတာတွေ့ရသလို ခံစစ်အသားပေးအသင်းကနေ တိုက်စစ်အသားပေးပုံစံ ပြောင်းလဲလာတာ တွေ့ရပါတယ်။ ပဲလေ့စ်အသင်း အဝေးကွင်းကြီးကနေ ထပ်နိုင်သွားမယ်ဆိုရင်တော့ တကယ်ကောင်းလွန်းပါတယ်လို့ပြောရမှာ ဖြစ်ပါတယ်။ ခုချိန်မှာ ဝုဗ်အသင်းရဲ့ ခြေစွမ်းနဲ့ ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းက ဆန့်ကျင်ဘက် အနေအထားဖြစ်ပြီး ဝုဗ်အသင်းက သာမာန်ခြေစွမ်းသာ ရှိပေမဲ့ ပဲလေ့စ်အသင်းက ထူးရှယ်ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ပုံစံကောင်းပြနေတဲ့ ပဲလေ့စ်အသင်း အဝေးကွင်းဆိုပေမဲ့ မရှုံးသေးဘူးထင်ပါတယ်။ ဝုဗ်အသင်း သရေကျဖို့ကို အသည်းအသန်ကစားရမယ် ထင်တာကြောင့် ပဲလေ့စ်အသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾နော်တင်ဟန်ဖောရက် Vs ချဲလ်ဆီး
အစောပွဲကစားမဲ့ တန်းဆင်းဇုန်ပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ ဘန်လေနဲ့လူတန်အသင်းတို့ ရှုံးပွဲတွေ့သွားမယ်ဆိုရင် ဒီပွဲကို ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ နှစ်သင်းလုံး ဖိအားလိုက်ပေးကြဦးမှာ ဖြစ်ပေမဲ့ နှစ်သင်းလုံး နိုင်ပွဲရလာဖို့ မလွယ်တာကြောင့် နော်တင်ဟန်ဖောရက်အသင်း တန်းကျန်ဖို့ သေချာသလောက်ရှိပါတယ်။ ဒီပွဲရှုံးခဲ့ပြီး ဘန်လေနဲ့ လူတန်တစ်သင်းသင်း နိုင်ခဲ့မယ်ဆိုရင် နောက်ပွဲက တန်းဆင်းဇုန်ပြိုင်ဘက် ဘန်လေကွင်းမှာ သွားကန်ရမှာ ဖြစ်လို့ ဖိအားများပါတယ်။ ဒါကြောင့် ဒီအိမ်ကွင်းပွဲမှာ အနိမ့်ဆုံးသရေတစ်မှတ်လောက်တော့ ရအောင်ကန်ထားမှာ ဖြစ်သလို နိုင်ပွဲရခဲ့မယ်ဆိုရင် သေချာပေါက် တန်းမဆင်းရတော့ပါဘူး။ ချဲလ်ဆီးအသင်း ခြေစွမ်းအရမ်းကောင်းနေသလို ဘွတ်ကီတွေ ကြေးပြင်းပြင်းပေါက်တတ်တဲ့ ချဲလ်ဆီးအသင်းရဲ့ ဘော်ဒီပေါက်ကြေး ပြားခြောက်ဆယ်အရှုံးဆိုတာ နိုင်ကြေးမဟုတ်ပါဘူး။ နော်တင်ဟန်ဖောရက်အသင်း အိမ်ကွင်းကောင်းသလို အမှတ်လိုအပ်ချက် ရှိလာနိုင်တာကြောင့် အိမ်ကွင်းပွဲမှာ ရှုံးမယ်မထင်ပါဘူး။ ခြေစွမ်းကောင်းလာတဲ့ ချဲလ်ဆီးကို အိမ်ကွင်းမှာ အနိမ့်ဆုံးသရေကန်မဲ့ နော်တင်ဟန်ဖောရက်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။