၄.၅.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ အနော်မာ (၁၈) လမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ် ထပ်တွင် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ လူနေအိမ်၂ လုံး မီးလောင်ဆုံးရှုံးမှု မေလ ၃ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ် ၁ လုံး၊အလျား ၁၀ ပေ၊ အနံ ပေ ၆၀ သွပ်မိုး၊ အုတ်ကာ၊ကွန်ကရစ်ခင်း တစ်ထပ်နေအိမ် ၁ လုံး သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းနှင့် အတွင်း ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ ၂၇ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အိမ်ရှင်အမျိုးသားကို ပုဒ်မ ၂၈၅ ဖြင့် သာကေတမြို့မရဲစခန်းက အမှုဖွင့်ထားသည်။