၃.၅.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ နယ်မြေ(၁၅)တွင် မေလ ၂ ရက် နံနက် ၁၁ နာရီ ၁၇ မိနစ်ခန့်က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၀ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး သွပ်မိုး၊ ပျဥ်ကာပျဥ်ခင်း ၂ ထပ်နေအိမ်၊ သွပ်မိုး၊ ပျဥ်ကာပျဥ်ခင်း နေအိမ်များအပါအဝင် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
“ဆိုင်ကယ်ဆီထည့်ရင်း မီးလောင်မှုဖြစ်တယ်လို့ ကြားတယ်။ အိမ်တွေကလည်း ကပ်နေတော့ ခဏလေးနဲ့ကို မီးထဲပါကုန်တာ”ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၁ စီး၊ ရေသယ်ယာဥ် ၁၃ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်၊ ဒေသခံပရဟိအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မြင်းခြံခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။