၁၆. ၁၂.၂၀၂၂
Written By Naddy
လက်ရှိ အမျိုးသားထုတစ်ချို့ တတ်တူးဆရာဖြစ်ချင်သွားကြတဲ့ သရုပ်ဆောင် ရှင်ယွန်းမြတ်ရဲ့ တင်ပါးပေါ်က ယုန်ကလေးတက်တူးနဲ့ ပတ်သက်ပြီးတော့ အမျိုးသားတွေပျင်းနေမှာစိုးလို တက်တူး သင်တန်းတက်ချင်အောင် လုပ်လိုက်တာဖြစ်ကြောင်းနဲ့ တင်ပါးပေါ်က ဒီယုန်ကလေးကို ရိုက်မဲ့သူမရှိသေးဘူးလို့ ရှင်ယွန်းမြတ်က MT News ကို အခုလိုပြောလာပါတယ်။
“အမျိုးသားတွေ ပျင်းနေမှာဆိုးလို့ တက်တူးသင်တန်းလေး တက်ချင်အောင် ရှင်ယွန်းလုပ်လိုက်တာပါ။ နောက်တာပါ။ ရှင်ယွန်းက City Gallery နဲ့ သူ့တို့ ပွဲတက်အနေနဲ့ မကွေးကို သွားဖြစ်တယ်။ သွားဖြစ်ချိန်မှာ မကွေးမှာ မိသားစုအသစ်တွေ ထပ်ရခဲ့တယ်။ ရှင်ယွန်းက Recovery ပြန်ဖြစ်တာ ၁ လကျော် ၂ လလောက်ပဲ ရှိ သေးတယ်။ လုံး၀လူတွေနဲ့ မတွေ့တော့ဘူး။ အိမ်ထဲမှာပဲနေတယ်။ အပြင်လည်း မသွားဘဲ လူကြောက်တဲ့ ပုံစံ ဖြစ်သွားတယ်။ ဖုန်းသံ ကြောက်တဲ့ရောဂါလိုလိုပေါ့။ ကြားကာလမှာ Psycho ဖြစ်သွားတယ်။ ကိုယ့် ပထမဆုံး ထိတွေ့တဲ့ ပတ်ဝန်းကျင်သည် ကိုယ့်အပေါ်အရမ်း နွေးထွေးတယ်။ ရှင်ယွန်းက တက်တူးကိုအရမ်းထိုးချင်တာ ကိုချမ်းတို့ဆီ သွားလည်ရင်းနဲ့ အစ်ကိုရေ ရှင်ယွန်း ဒီ Pinterest ပုံလေးကို သဘောကျလို့ Save ထားတာ ရန်ကုန်လာမှ ထိုးမယ်။ ပြလိုက်တာ ၁၅ မိနစ် ၊ မိနစ် ၂၀ ပဲကြာမယ်ဆိုလို့ ထိုးမယ်ဆိုပြီး ထိုးချလိုက်တာပါ။ Facebook မတင်တော့ဘူး တွေးထားပေမယ့် သူရဲ့ သွားလေး ၂ ချောင်းကို ကြိုက်လို့ တင်လိုက်တာပါ။ အဲဒီကျတော့ ဖင်ပြတယ်ထင်ကြတာ။ တကယ်တော့ တင်ပါးရဲ့ အပေါ်မ ဆိုသလောက်လေးမှာ ချစ်စရာကောင်းတဲ့ ယုန်လေးထိုးဖြစ်တာပါ။ အဓိက သွားလေးတွေကို ချစ်လို့ပါ။ တင်ပါးမှာထိုးတာက Pinterest ထဲက ကောင်မလေးက G String ၀တ်တဲ့ အောက်လေးမှာ ဖင်လေးလှည့်ပြီး အဲဒီနေရာမှာထိုးထားတာပါ။ မကြာမှီလာမည်မျှော်လေ။ တတ်တူးထိုးပုံတွေ လာမယ်။ အဲဒါကြောင့်ထိုးတာပါ။ Pinterest မှာလည်း အဲဒီနေရာပဲ။ ရှင်ယွန်းက နည်းနည်းအပေါ်နားလေးတိုးပြီး ထိုးတာပါ။ လူတွေက ပြောကြတယ်။ ယုန်ပုံစံလေး ထိုးတော့လေသိတယ်မလား။ ယုန်လေးအရိုက်ခံရမယ်။ ရိုက်မယ့်သူလည်း မရှိသေးပါဘူးလို။ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မယ့်သူ မရှိသေးပါဘူးလို့။ လိမ္မာတယ် ကလေးက” လို့ သရုပ်ဆောင် ရှင်ယွန်းမြတ်က ပြောပါတယ်။
လတ်တလော ရှင်ယွန်းမြတ်က မြန်မာပြည်တွင်းထုတ် Eco Pup Nup Product နဲ့ ကြော်ငြာရိုက်ကူးရေး လုပ်ကိုင်နေသလို ၂၀၂၃ ခုနှစ်အတွက်လည်း ပြက္ခဒိန် ကြော်ငြာတွေ ရိုက်ကူးရေးလုပ်ကိုင်နေလျှက်ရှိပါတယ်။ သူမရဲ့ တင်ပါးအထက်က ယုန်တက်တူးကိုလည်း အလှပဆုံး ပုံဖော်ပြီးရင်တော့ ပရိသတ်ကြီးကိုလည်း ချပြသွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင် ရှင်ယွန်းမြတ်က “တက်တူးပညာရယ်မှ မဟုတ်ပါဘူး ဘယ်ပညာမဆို တတ်ထားသင့်တယ်လေ။ ဒီအတိုင်း ဖုန်းပဲ ထိုင်ပွတ်နေရင် ပျင်းနေမှာဆိုးလို့ ပညာသင်ချင်အောင် Moti ပေးတာပါ ရှင်ယွန်းက။ လက်ရှိထိုးတာကို စိတ်တိုင်းကျမှုရှိပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်။ ကိုချမ်းနဲ့ နောက်ထပ် တက်တူးတွေ အများကြီး ထပ်ထိုးဖို့ ရှိပါတယ်”လို့ ဆက်ပြောပါတယ်။