MT News
Written by Tha Doe
ကမ္ဘာအေးဘုရားလမ်း ဗဟန်းသုံးလမ်း မီးပွိုင့်တွင် ယာဥ်သုံးစီးဆင့်တိုက်မှု ယမန်နေ့ညနေက ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ညနေ ၅ နာရီခန့်က ကမ္ဘာအေးဘုရားလမ်း ဗဟန်းသုံးလမ်း မီးပွိုင့်တွင် နတ်မောက်လမ်းမှ ဆူးလေဘက်သို့ ဖြတ်ဝင်လာသည့် Surf ယာဥ်က မြို့ထဲဘက်မှ ကမ္ဘာအေးဘုရားဘက်သို့ မောင်းနှင်လာသည့် Axio ယာဥ်နှစ်စီးအကြား ဖြတ်ဝင်ရာမှ ယာဥ်သုံးစီး ဆင့်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“နတ်မောက်လမ်းထဲကနေ ထွက်လာတဲ့ Surf က မီးပွိုင့်လွှတ်လို့ ထွက်လာတဲ့ Axio နှစ်စီးကြားကနေ ဝင်တိုက်လိုက်တာ။ အလယ်ကကားကမှားသွားတဲ့သဘောဖြစ်သွားတာပေါ့”ဟု ယင်းဖြစ်စဥ်မြင်တွေ့သူက ဆိုသည်။
ယာဥ်သုံးစီးဆင့်တိုက်မှုတွင် ကားသုံးစီးစလုံးထိခိုက်မှုများသော်လည်း Surf မှာ လေအိတ်ပွင့်ခြင်းကြောင့် ထိခိုက်မှုနည်းခဲ့သလို Axio ယာဥ်နှစ်စီးမောင်းနှင်သူများမှာလည်း အနည်းအကျည်းသာ ထိခိုက်သည်ဟု ကနဦးသတင်းများအရ သိရသည်။