၂၁. ၄. ၂၀၂၄
Translated by Thettant
မဲဆောက်မြို့အနီးမှာ ဒီနေ့ ဇန်နဝါရီ ၂၁ ရက် မနက် ၆ နာရီကစပြီး KNU/PDF ပူးပေါင်းတပ်ဖွဲ့တွေကို လေကြောင်းတိုက်ခိုက်နေတာကြောင့် ထိုင်းလေတပ်က ကင်းထောက်လေယာဥ်တစ်စီးစေလွှတ်ပြီး ပိုင်နက်နယ်မြေကာကွယ်ဖို့ ဝေဟင်ကင်းလှည့်မှု ပြုလုပ်နေပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေက ထိုင်းပိုင်နက်နဲ့ ၂ ကီလိုမီတာ၊ ၃ ကီလိုမီတာလောက်ပဲ ဝေးတဲ့အခြေအနေဖြစ်တာကြောင့် ထိုင်းတော်ဝင်လေတပ်ဟာ ကင်းထောက်ပျံသန်းဖို့၊ မြန်မာတိုက်လေယာဥ်တွေ ပျံသန်းလာရင် ကြားဖြတ်ပျံသန်းပြီး ဝေဟင်ပိုင်နက်ကာကွယ်ဖို့၊ ထိုင်းလူမျိုးတွေ လုံခြုံဖို့အတွက် ၂၄ နာရီပတ်လုံးစောင့်ကြည့်ပြီး B.K.19/K (F-16 A/B) ၂ စီး အသင့်စီစဥ် စေလွှတ်ထားတယ်လို့လည်း သိရပါတယ်။
မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးက ခလရ (၂၇၅) တပ်ကို KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဧပြီ ၁၉ ရက်ညကစပြီး စတင်တိုက်ခိုက်တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ချေမှုန်းအပြီး ဧပြီ ၂၀ ညနေမှာ KNU/PDF တွေ ထွက်ခွာပြေးကုန်တာပါ။ ဒါပေမဲ့လည်း ညဘက်မှာထွက်ပြေးရာလမ်းတစ်လျှောက်ကို လေကြောင်းကလိုက်လံတိုက်ခိုက်သလို ဒီမနက်မှာလည်း ဆက်လက်ရှင်းလင်းနေတာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံ၊ ကျည်ပစ်သံတောင်မကြားရဘဲ လေကြောင်းတိုက်ခိုက်တဲ့အသံပဲကြားနေရတယ်လို့ မြဝတီဒေသခံတစ်ဦးကပြောပါတယ်။
KNU / PDF တွေရဲ့ပစ်ခတ်မှုကြောင့် ထိုင်းဘက်ကိုတိုက်ပွဲရှောင်လာတဲ့ မြန်မာပြည်သူတွေကို မူလကလက်မခံပေမဲ့နောက်ဆုံးမှာတော့ လူဦးရေ ၃၀၂၇ ဦးလက်ခံပေးထားပြီး သောင်ရင်းမြစ်ကိုဖြတ်ကူးလာသူတွေကိုတော့ သောင်ပြင်မှာပဲ လုံခြုံရေးပေးပြီး အနားယူအိပ်စက်ခိုင်းတယ်လို့ သိရပါတယ်။
Ref, The Reporters, Royal Thai Airforce