၁၄.၁၂.၂၀၂၂
Written by Nay Aung
ဘယ်လ်ဂျီယံနိုင်ငံ Antwerp ဒေသရှိ Olmen အမည်ရှိ ရွာငယ်လေးရှိ ရွာသားများသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူရို ၁၄၃သန်း တန်ဖိုးရှိ သန်းရာချီတန်ကြေးရှိသည့် ထီဆုကြီးကိုပေါက်ခဲ့ကြောင်း သိရသည်။
ရွာတွင် သတင်းစာအရောင်းဆိုင်ဖွင့်လှစ်ထားသည့် ပိုင်ရှင်ဖြစ်သူ ဝင်ဗန်ဘရိုကိုဗန်၏ စီစဉ်မှုဖြင့် ရွာသားများထီစပ်ထိုးခဲ့ပြီး ယူရို ၁၄၃သန်း တန်ဖိုးရှိ ထီဆုကြီးပေါက်ခဲ့ခြင်းလည်းဖြစ်သည်။
စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ ဘရိုကိုဗန်သည် ထီစုပေါင်းထိုးရန်အတွက် ကျေးရွာသားတစ်ဦးကို ၁၅ ယူရိုကောက်ခံခဲ့ပြီး ထီစုပေါင်းထိုးခဲ့ခြင်းဖြစ်ကြောင်း ထီစုပေါင်းထိုးရာတွင်ပါဝင်ခဲ့သည့် ရွာသားပေါင်း ၁၆၅ဦးမှာ ထီဆုကြေးများရရှိမည်ဖြစ်ကြောင်းသိရသည်။
ထီဆုကြီးပေါက်ခဲ့သည့်အတွက် အဆိုပါရွာတွင်နေထိုင်ပြီး ထီအစုစပ်ထိုးရာတွင် ပါဝင်ခဲ့သူတစ်ဦးကို ယူရို ၉ သိန်းနီးပါး ဆုကြေးရမည်ဖြစ်ကြောင်း သိရသည်။
ဝင်ဗန်ဘရိုကိုဗန်က ထီဆုကြီးပေါက်ခဲ့သည့်အတွက် ရွာသားအားလုံး အံအားသင့်တုန်လှုပ်နေကြောင်း၊ အချို့ရွာသားများသည် ရရှိထားသည့် ထီဆုကြေးကို ဘာလုပ်မလဲဆိုသည့်အချက်ကို ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။ ရွာသားတစ်ဦးက ရရှိမည့် ထီဆုကြေးကို သားသမီးသုံးဦးနှင့် မြေးများကို ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ နောက်ထပ်ရွာသားတစ်ဦးက “ကျွန်တော်ကတော့ အားလပ်ရက်အနားယူမှု အပန်းဖြေခရီးထွက်မယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကိုသွားဖို့ စီစဉ်ထားတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက်အတိုင်း အမေရိကန်ကို အပန်းဖြေခရီးထွက်မယ်” ဟုဆိုသည်။
Ref, euronews၊ ILO