၁၃.၄.၂၀၂၄
Photo by Ye Kyaw
ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်လိုသော မြန်မာလူမျိုးများ၏ ရိုးရာသင်္ကြန်ပွဲ စတင်ဖွင့်လှစ် ကျင်းပခဲ့ပြီး ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက် မဟာသင်္ကြန် အကြိုနေ့ နံနက် ၇ နာရီခွဲတွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
အများပြည်သူများ လမ်လျှောက်သင်္ကြန်တွင် ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြပြီး မည်သူမဆို အခမဲ့ လာရောက်ပါဝင်ဆင်နွဲနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ငွေကြေးမချမ်းသာသော အောက်ခြေလူတန်းစား ပြည်သူလူထုနှင့် မိဘများအနေဖြင့် ၎င်းတို့ သားသမီးများအား လမ်းလျှောက်သင်္ကြန်တွင် ရေကစားနိုင်စေရန် ဖွင့်ပွဲမတိုင်မီ မနက် အစောပိုင်းကတည်းကပင် လာရောက် စောင့်ဆိုင်းခဲ့ကြသည်ကိုလည်း တွေ့ရသည်။