၁၂. ၄. ၂၀၂၄
Photo by Ye Kyaw
ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်မှာ ဒီနေ့ ညနေပိုင်းမှာ ယိမ်းအကတွေ ကြိုတင်အကတိုက်တာ၊ ရေပန်းစမ်းသပ်တာ စတဲ့အကြိုပြင်ဆင်မှုတွေ ဆောင်ရွက်လျက်ရှိပြီး မနက်ဖြန် သင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားပြီးချိန်ကစ ဘယ်သူမဆို လာရောက်လည်ပတ်နိုင် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်ကို မနက်ဖြန် သင်္ကြန်အကြိုနေ့ မနက် ၆ နာရီခွဲအချိန် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပြီး ဒီနေ့ ညနေပိုင်းက စ အများပြည်သူတွေကို လမ်းလျှောက်သင်္ကြန်မဏ္ဍပ်မှာ ဓာတ်ပုံရိုက်ဖို့ ခွင့်ပြုပေးထားတဲ့အပြင် မနက်ဖြန် သင်္ကြန်အကြိုနေ့မှာလည်း ကုန်သည်လမ်းဘက်မှာရှိတဲ့ ဝင်ပေါက်ကနေ ဝင်ရောက်ကာ ရေဆော့ကစားမှုအပြင် စတုဒိသာပါ လာရောက် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။