၂၀.၃.၂၀၂၄.
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံအလံတင်ထားသော ဓာတုပစ္စည်းများတင်ဆောင်လာသည့် သင်္ဘောတစ်စီးက ဂျပန်နိုင်ငံအနောက်ဘက် ပင်လယ်ပြင်အတွင်း မတ်လ ၂၀ ရက် နံနက်က တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အလေးချိန် တန်ချိန် ၈၇၀ ရှိ Keoyong Sun ဓာတုပစ္စည်းတင်သင်္ဘောက နံနက် ၇ နာရီ ၅ မိနစ်တွင် သင်္ဘောတိမ်းစောင်းနစ်မြုပ်နေကြောင်း အကြောင်းကြားချက်ပို့ခဲ့သည်။ သင်္ဘောက မုန်တိုင်းတိုက်ခတ်နေသည့် ရာသီဥတုအခြေအနေကြောင့် ရာမာဂူရှီ မဲဆန္ဒနယ်အတွင်း မတ်ဆူရီဂျီမားကျွန်းကမ်းခြေမှ အနောက်-အနောက်မြောက်ဘက် ရှစ်ကီလိုမီတာအကွာတွင် ကျောက်ချရပ်နားနေခြင်းဖြစ်သည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ ကင်းလှည့်သင်္ဘောလေးစီးနှင့် ရဟတ်ယာဉ်နှစ်စီးတို့ကို ထိုနေရာသို့ စေလွှတ်ခဲ့သည်။ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်အရ သင်္ဘောသား ၁၁ ဦးအနက် ခြောက်ဦးကို ပင်လယ်ပြင်အတွင်းမှ ရဟတ်ယာဉ်များက ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ၎င်းတို့၏အခြေအနေကိုမူ အတိအကျမသိရသေးပေ။
သင်္ဘောသား ၁၁ ဦးတွင် ကိုရီးယားနှစ်ဦး၊ တရုတ်တစ်ဦးနှင့်အင်ဒိုနီးရှား ရှစ်ဦးတို့ပါဝင်ကြောင်းသိရသည်။ နောက်ဆုံး သတင်းများအရ သင်္ဘောသားရှစ်ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦးမှာပျောက်ဆုံးနေကြောင်းလည်း ဖော်ပြခဲ့ကြသည်။
Ref-Asahi Shimbun , bbc