၂၀.၃.၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်း၊ ရှန်ဇီပြည်နယ်အတွင်းမှ အဝေးပြေးကားလမ်းမပေါ်ရှိ လိုဏ်ခေါင်းတစ်ခုအတွင်း ဘတ်စ်ကားတစ်စီးက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မတ်လ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။
ထိုယာဉ်တိမ်းမှောက်မှုက မတ်လ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၅၁ ဦးတင်ဆောင်လာသော ဘတ်စ်ကားက လိုဏ်ခေါင်းအတွင်းဘက်နံရံကို ဝင်ရောက်တိုက်မိခဲ့ခြင်းဟုလည်း သိရသည်။
ရှင်ဟွာသတင်းဌာနက သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရသူ ၄၇ ဦးရှိကြောင်း အတည်ပြုဖော်ပြခဲ့သည်။ သို့ရာတွင် ဒဏ်ရာရသူများ၏အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြခြင်းမရှိဘဲ ယာဉ်မတော်တဆမှု၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းသာ ဆိုခဲ့သည်။
တရုတ်နိုင်ငံတွင် လုံခြုံစိတ်ချရသည့် ထိန်းချုပ်မှုများမရှိသောကြောင့်လည်း ယာဉ်မတော်တဆမှုများက ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စသဖွယ်ဖြစ်နေရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ဟူနန်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုတစ်ခု၌ လူ ၁၆ ဦးသေပြီး အများအပြားဒဏ်ရာရခဲ့သည်။ ၎င်းမတိုင်မီတစ်လကလည်း နိုင်ငံအရှေ့ပိုင်း ဂျန်ရှိပြည်နယ်အတွင်း ယာဉ်မတော်တဆမှုတစ်ခု၌ လူ ၁၉ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရခဲ့သေးသည်။
Ref- Xinhua, Daily Star