၁၈. ၃. ၂၀၂၄
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်ရှိ စိန့်လူးဝစ်မြို့က ပြတိုက်တစ်ခုမှာ လူပေါင်း ၃၅၅ ယောက်က အတွင်းခံတွေကို ခေါင်းမှာ ဝတ်ဆင်ပြီး ထူးထူးခြားခြား ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။
စိန့်လူးဝစ်မြို့က မြို့တော်ပြတိုက်ဟာ လူထုကို ပျော်ရွှင်စေဖို့နဲ့ ပျော်ရွှင် အမှတ်ရဖွယ် အခိုက်အတန့်တစ်ခုဖြစ်အောင် ရည်ရွယ်ပြီး ဦးခေါင်းပေါ်မှာ အတွင်းခံဝတ်ဆင်သူ အများဆုံးစံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကာ ကြိုးပမ်းမှုအတွက် အဖြူရောင်အတွင်းခံတွေကို ပါဝင်သူတွေကို ပေးအပ်ခဲ့ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က တာဝန်ရှိသူတွေက စစ်ဆေးပြီးနောက်မှာ ဦးထုပ်တွေအဖြစ် အတွင်းခံဘောင်းဘီတွေ ၀တ်ဆင်ထားတဲ့ လူပေါင်း ၃၅၅ ဦးနဲ့ တရားဝင် စံချိန်ချိုးခဲ့ကြောင်း အဖွဲ့က ကြေညာခဲ့ပါတယ်။
အရင်စံချိန်ဟောင်းကတော့ ၂၀၁၂ ခုနှစ် စက်တင်ဘာလက အီလီနွိုက်စ်ပြည်နယ်၊ နာပါဗီးလ်မြို့မှာ လူပေါင်း ၂၇၀ နဲ့ တင်ထားနိုင်ခဲ့တဲ့ စံချိန်ဖြစ်ကာ အခုအခါမှာတော့ စိန့်လူးဝစ်မြို့က ၁၂ နှစ်ကြာ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။
စိန့်လူးဝစ်မြို့က အဲ့ဒီ မြို့တော် ပြတိုက်ဟာ အရင်ကလည်း ကမ္ဘာ့အကြီးဆုံးခဲတံ၊ အရှည်ဆုံးစီးဆောနဲ့ အကြီးဆုံး တင်းနစ်ဘက်တံတို့အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွေ ရရှိခဲ့ဖူးပါတယ်။
Ref; UPI News