၁၄. ၃. ၂၀၂၄
Written by Thin Zar
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့၊ တော်ကျွဲအင်းဘူတာနှင့်ကညွတ်ကွင်းဘူတာကြားရှိ မီးရထားသံလမ်းအသစ် မိုင်းခွဲဖျက်ဆီးခံရကြောင်း သိရသည်။
ထိုဖြစ်စဥ်မှာ မတ်လ ၁၃ ရက် ည ၁၂ နာရီဝန်းကျင်တွင် KNU/PDF များမှ အသုံးမပြုရသေးသည့် မီးရထားသံလမ်းအသစ်ကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို မီးရထားသံလမ်းအသစ်မှာ တောကျွဲအင်း (ခ) အောင်မြင်မြို့၏ မြောက်ဘက် (၂) မိုင်ခန့်အကွာ၊ ပအို့ဝ်ပိုင်းရပ်ကွက်အနီး၊ မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် (၁၂၀/၂)နှင့် (၁၂ဝ/၃) ကြား၊ တံတားအမှတ် (၁၇၉) နှင့် (၁၈ဝ) ကြားတွင်ရှိသည့် ရထားသံလမ်းအသစ်ဖြစ်သည်။ ထိုသို့ မိုင်းခွဲဖျက်ဆီးခံရမူကြောင့် ရထားသံလမ်းပိုင်းမှာ ၁၀ ပေခန့် ပျက်စီးသွားကြောင်း သိရသည်။
Photo -credit