၁၂.၃.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာ အုပ်စု၊ စံပယ်ကုန်းရွာတွင် မတ်လ ၁၂ ရက် နံနက် ၁၁ နာရီခန့်က နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အလျား ၁၅ ပေ၊အနံ ၂၁ ပေရှိ သွပ်မိုး၊ ဓနိကာ၊ ပျဥ်ခင်းနေအိမ်တွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည် ပြုချက်အရ သိရသည်။
ထိုသို့ ၂၅ မိနစ်ခန့်ကြာ လောင်ကျွမ်းခဲ့သော နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးကို ပုဒ်မ ၂၈၅ ဖြင့် ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။