၁၂. ၃. ၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား ရုရှားနိုင်ငံတွင် သူလျှိုလုပ်ငန်းဆောင်ရွက်နေသည်ဟု သံသယရှိရသောကြောင့် ၂၀၀၄ ခုနှစ်အစောပိုင်းတွင် ဖမ်းဆီးထားခဲ့ကြောင်း ရုရှားနိုင်ငံ၏ Tass သတင်းဌာနက မတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုသူ၏အမည်က Baek Won-soon ဟု သိရပြီး ဗလာဒီဗော့စတော့မြို့တွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ကာ ၎င်းက ပြည်ပထောက်လှမ်းရေးအေဂျင်စီတစ်ခုသို့ သတင်းများပေးပို့နေသည်ဟုသံသယရှိရခြင်းများအား စုံစမ်းစစ်ဆေးရန် ဖေဖော်ဝါရီလကုန်ပိုင်းတွင် မော်စကိုသို့ပို့ခဲ့ကြောင်း Tass သတင်းဌာနက ဖော်ါြခဲ့သည်။ သို့သော် ၎င်း၏ သူလျှိုဆောင်ရွက်မှုမှ လွှဲပြောင်းပေးခဲ့သော အချက်အလက်များကို ထိပ်တန်းလျှို့ဝှက်အဖြစ် သတ်မှတ်ထားခဲ့သည်။
၎င်းက တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား သူလျှိုမှုဖြင့် ရုရှားနိုင်ငံတွင် ပထမဆုံးဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်းသိရသည်။ တံခါးပိတ်စစ်ဆေးကြားနာမှုတစ်ရပ်ပြုလုပ်ရန်အတွက် Baek အား ချုပ်ရက်ကို ဇွန်လ ၁၅ ရက်အထိ မော်စကိုရှိ Lefortovo တရားရုံးက တိုးချဲ့သတ်မှတ်ခဲ့ကြောင်းလည်းသတင်းတွင် ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ၏ ယူကရိန်းအားတိုက်ခိုက်မှုနောက်ပိုင်း ရုရှားအစိုးရအားဆန့်ကျင်သည့် နိုင်ငံတကာပိတ်ဆို့မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် ရုရှားအစိုးရက တောင်ကိုရီးယားအစိုးရအား ၂၀၂၂ ခုနှစ်တွင် မိတ်ဆွေမပီသသောနိုင်ငံအဖြစ်သတ်မှတ်ခဲ့သည်။
Ref – Tass, Yonhap News