၂.၃.၂၀၂၄
Written By Thandar
နည်းပညာတိုးတက်လာတာနဲ့အမျှ Marketing Platform ကို လူတွေသုံးစွဲလာမှုနဲ့ပတ်သက်ပြီး Yolo Digital Marketing ကုမ္ပဏီ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ မတ် ၂ ရက် မွန်းလွဲ ၂နာရီက ရန်ကုန်မြို့ Novotel Yangon Max Hotel မှာ ကျင်းပခဲ့ရာ သရုပ်ဆောင် ဇေယျာ ၊ မိတ်ကပ်ခင်စန်းဝင်းနဲ့ မာမီကျော်တို့တက်ရောက်ခဲ့ပါတယ်။
“ဒီပွဲကိုလုပ်ဖြစ်တာက နည်းပညာ တိုးတက်လာတဲ့အမျှ ဒီကာလမှာ လူတွေက Marketing platform ကို မြန်မာနိုင်ငံမှာ ပိုတွင်တွင်ကျယ်ကျယ်သုံးလာကြတယ်။ကျွန်တော်တို့က SME ချေးငွေအတွက်ကိုရော ၊ Collaborate အတွက်ကိုပါ အဓိက အကောင်းဆုံးသော ၀န်ဆောင်မှုကို ပြန်ပံ့ပိုးပေးဖို့အတွက် အကုန်လုံးကိုမိတ်ဆက်ပေးတဲ့ အနေနဲ့ဆိုလည်းဟုတ်ပါတယ်”လို့ Yolo Digital ‘s Founder & Director ကိုရဲကျော်လင်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ Yolo Digital Myanmar ရဲ့ official launching နဲ့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး Yolo Digital ‘s Managing Director ဒေါက်တာ၀င်းထက် စတဲ့သူတွေက မိတ်ဆက်ခဲ့သလို Yolo က ရရှိနိုင်မယ့် Service တွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
Yolo Digital Myanmar ကုမ္ပဏီက Online နဲ့ Offline ကို ပူးတွဲဆောင်ရွက်ပေးနေတဲ့ 360 Marketing Company တစ်ခုဖြစ်ပြီးတော့ 360 Marketing Service အပြင် Yolo Digital Myanmar တစ်နေရာထဲမှာတင် One Stop Service တွေကို လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။