၁၀. ၂. ၂၀၂၄
Written by Hey Mar
မြန်မာနိုင်ငံရဲ့ မဖွံ့ဖြိုးသေးတဲ့ ကျေးလက်တွေရဲ့ တောင် တန်းဒေသတွေပါမကျန် ငါး၊ ပုဇွန်မွေးမြူရေးနဲ့ စိုက်ပျိုးရေး အသက်ဝမ်းကျောင်းလုပ်ငန်းတွေဖြစ်ထွန်းအောင်မြင်အောင် အဓိက ပံ့ပိုးကူညီဆောင်ရွက်ပေးနေတဲ့ ဂျာမနီ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအေဂျင်စီ “GIZ”နဲ့ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးမှု အမေရိကန်ဒေါ်လာ သန်း ၅၀ကျော် ထည့်ဝင်ခဲ့တယ်လို့ ဂျာမနီသံရုံးက ထုတ်ပြန်ကြေညာပါတယ်။
ဂျာမနီနိုင်ငံဟာ လက်ရှိမှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေပေးနေပြီး ၂၀၂၃ ခုနှစ်တစ်နှစ်လုံး ကမ္ဘာတဝှမ်းမှာစုစုပေါင်း အမေရိကန် ဒေါ်လာ ၃၅ ဘီလျံပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပံ့ပိုးပေးတဲ့ ပရောဂျက်တွေထဲမှာတော့ စဉ်ဆက်မပြတ်တည်တံ့စေတဲ့ စိုက်ပျိုးရေးနဲ့ အသက်မွေး ဝမ်းကျောင်းပြုမှု၊ ပြည်တွင်းနေရပ်စွန့်ခွာသွားလာသူများအတွက် ထောက်ပံ့မှု၊ အမိုးအကာနဲ့ သန့်ရှင်းရေး၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးတို့ ပါဝင်ခဲ့ပါတယ်။