၁၀.၂.၂၀၂၄
Written by KL
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင် – သံဖြူဇရပ်လမ်းမကြီးပေါ်၊ မင်းခန့်ကျော် ဆီဆိုင်အနီးတွင် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၃ နာရီခွဲခန့်က ကားတစ်စီး အရှိန်လွန်ကာ ကွေ့တကန်ချောင်း(နွားတံတား)ထဲသို့ ထိုးကျခဲ့ကြောင်း သိရသည်။
မော်လမြိုင်ဘက်မှ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး အရှိန်လွန်ကာ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်ပါသူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများမှာ အသက် ၄၀ ခန့်မှ အသက် ၁၅ နှစ်အရွယ် အမျိုးသားများ ဖြစ်ကြပြီး ၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း၊ ဒဏ်ရာရရှိသူများကို မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
မော်တော်ယာဥ်ချောက်ထဲထိုးကျ တိမ်းမှောက်မှုကို မုဒုံမြို့မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။