၂. ၂. ၂၀၂၄
Written By Thandar
ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Sentul Depot မှာ ကျင်းပခဲ့တဲ့ Tudor Watch ရဲ့“An Evening with David Beckham” လို့အမည်ပေးထားတဲ့ Private Event မှာ တက်ရောက်လာတဲ့ Tudor Brand Ambassador ကမ္ဘာကျော် ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်းနဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင် ပိုင်တံခွန်တို့ ယှဥ်တွဲတွေ့မြင်ခဲ့ရသလို တရင်းတနှီးစကားပြောဆိုနေတာကိုလည်း ပရိသတ်တွေ တွေ့မြင်ခဲ့ရပါတယ်။
“An Evening with David Beckham” လို့အမည်ပေးထားတဲ့ Private Event တစ်ခုကို ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းတက်ရောက်ခဲ့ပြီး ဒီပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Official Tudor Watch Retailer: Swiss Time Square နဲ့အတူ မော်ဒယ် ၊ သရုပ်ဆောင် ပိုင်တံခွန်တို့က ဖိတ်ကြားခံခဲ့ရလို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ ပွဲမှာ Tudor ရဲ့ Brand Ambassador ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့အတူ နာရီစုဆောင်းသူတွေ၊ Journalist တွေနဲ့ သက်ဆိုင်ရာ Professionals တွေ တက်ရောက်ခဲ့ကြပြီး နာရီချစ်သူတိုင်း ရင်းနှီးနေကြမယ့် အခွင့်အရေးလည်းဖြစ်တယ်လို့ သိရပါတယ်။
ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ ပိုင်တံခွန် တွေ့ဆုံမှုမှာတော့ နှစ်ယောက်သား ချစ်ခင်ရင်းနှီးစွာ စကား ပြော နှုတ်ဆက်ခဲ့ပြီး Tudor Watch ကို နှစ်ယောက်သားပြတဲ့ ကြော်ငြာ ဓာတ်ပုံတွေလည်း အတူတွဲရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန် မိခင်ဖြစ်သူ ဒေါ်ကြူကြူကလည်း သားဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူပြီး Post တွေ ပြန်တင်ပေးနေတာလည်း တွေ့ရပါတယ်။
“မြန်မာနိုင်ငံရဲ့ Swiss Time Square နဲ့အတူ မြန်မာ နိုင်ငံကိုယ်စားပြု ပိုင်တံခွန်တို့က ပါဝင်တက်ရောက်ခွင့်ရတာဖြစ်လို့ မြန်မာနိုင်ငံကိုယ်စား ဝမ်းသာဂုဏ်ယူမိပါတယ်” လို့ ပိုင်တံခွန်ရဲ့မိခင် ဒေါ်ကြူကြူက ဆိုပါတယ်။