◾ထွက်ပြေးလွတ်မြောက်သူတစ်ဦးက ယာဉ်တိုက်မှုကြောင့် သေဆုံး
၂. ၂. ၂၀၂၄
Writtrn by Pan Ei
မလေးရှားနိုင်ငံ၊ ပီရတ်ပြည်နယ်၊ ဘီဒေါမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေးစခန်းက အမျိုးသားတွေ နေထိုင်ရာအဆောင်မှာ မနေ့ညက အဓိကရုဏ်းဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၁၃၁ ယောက်ရှိကာ သူတို့ကို ရှာဖွေဖို့ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အထွေထွေ စစ်ဆင်ရေးတပ်ဖွဲ့ (GOF) က ဝန်ထမ်း စုစုပေါင်း ၁၀၀ ကို ခြေရာခံရှာဖွေခိုင်းထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Ruslin Jusoh က ဒီနေ့ မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဘီဒေါယာယီလူဝင်မှုကြီးကြပ်ရေးဌာနက ထွက်ပြေးလွတ်မြောက်လာသူ ၁၃၁ ဦးအနက် တစ်ဦးလို့ သံသယရှိသူက မလေးရှားနိုင်ငံက မြောက်-တောင် အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပြီး ကျန်ရှိတဲ့ လူပေါင်း ၁၃၀ ကို ပြန်လည်ဖမ်းဆီးဖို့ အေဂျင်စီများစွာနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
အဆိုပါ လွတ်မြောက်သူ ၁၃၀ ထဲမှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဘင်္ဂါလီတွေပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး အခုလက်ရှိမှာ အဆိုပါအမှုကို စစ်ဆေးနေကာ ထွက်ပြေးသွားတဲ့ ထိန်းသိမ်းခံထားရသူတွေကို ရှာဖွေဖော်ထုတ်လျက်ရှိတယ်လို့လည်း တာဝန်ရှိသူတွေက ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref; New Straits Times