MT News
၁. ၂. ၂၀၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ် ပိုမိုမြန်ဆန်ထိရောက်အောင်လုပ်ဆောင်ဖို့ ပြည်ထောင်စုအစိုးရကို ဒီနေ့မှာပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးဌာနနှစ်ခု ထပ်မံတိုးချဲ့လိုက်တာကို တွေ့ရပါတယ်။
အရင်က ပြည်ထောင်စုအစိုးရအဖွဲ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ၃၂ ဦးရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၃၄ ဦး ရှိလာခဲ့သလို နိုင်ငံတော်အင်္ဂါစဉ်ကိုလည်း အထက်အောက် ပြောင်းလဲခဲ့တာတွေ တွေ့ရှိရပါတယ်။
တိုးချဲ့ပြင်ဆင်လာတာက ပြည်ထောင်စုအစိုးရအဖွဲ့မှာ အရင်က ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာန (၁) နဲ့ (၂) နှစ်ခုသာ ရှိပေမဲ့ လက်ရှိမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမိုးအောင်တို့က တာဝန်ယူသွားမှာဖြစ်ပါတယ်။