၃၀. ၁. ၂၀၂၄
Written by Pan Ei
အရှေ့တောင်အာရှနိုင်ငံက မီဒီယာလုပ်ငန်းအတွက် နောက် ဆုံးပေါ်ထိုးနှက်ချက်တစ်ခုအနေနဲ့ ဖိလစ်ပိုင်နိုင်ငံက CNN သတင်းဌာနဟာ “သိသိသာသာဘဏ္ဍာရေးဆုံးရှုံးမှုကြောင့်” ဇန်နဝါရီလ ၃၁ ရက်ကစပြီး လည်ပတ်မှုကို ရပ်တန့်သွားမှာဖြစ်တယ်လို့ သတင်းဌာနရဲ့ ပိုင်ရှင်က တနင်္လာနေ့ (ဇန်နဝါရီလ ၂၉ ရက်) မှာ ကြေငြာခဲ့ပါတယ်။
အဆိုပါ သတင်းဌာနဟာ ၂၀၁၅ ခုနှစ်က ဖိလစ်ပိုင်နိုင်မှာ စတင်လည်ပတ်ခဲ့ပြီး CNN ရဲ့ အခမဲ့သတင်းရုပ်သံလိုင်း၊ ကေဘယ်လ်နဲ့ အခကြေးငွေပေးရတဲ့ ရုပ်သံလိုင်းတွေမှာလည်း အင်္ဂလိပ်ဘာသာနဲ့ သတင်းတွေကို အဓိကထား တင်ဆက်ခဲ့ပါတယ်။
ပလက်ဖောင်းအားလုံးက သတင်းနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တနင်္လာနေ့က ဝန်ထမ်းတွေကို့ အကြောင်း ကြားခဲ့ခြင်းဖြစ်ကာ ပိတ်သိမ်းမှုဟာ ဝန်ထမ်း ၃၀၀ လောက်ကို ထိခိုက်စေနိုင်တယ်လို့လည်း အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။
“ဒီဆုံးဖြတ်ချက်ဟာ လျင်မြန်စွာ ပြောင်းလဲနေပြီး စိန်ခေါ်မှုရှိတဲ့ မီဒီယာအခင်းအကျင်းမှာ လိုက်လျောညီထွေဖြစ်အောင် ဆန်းသစ်တီထွင်မှုတွေ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း သိသိသာသာ ဆုံးရှုံးခဲ့ရတဲ့ ငွေကြေးဆုံးရှုံးမှုတွေရဲ့နောက်ဆက်တွဲပါ” လို့ CNN Philippines ပိုင်ရှင် Nine Media ကော်ပိုရေးရှင်းက ပြောကြားခဲ့ပါတယ်။
CNN ရဲ့ ပိတ်သိမ်းမှုဟာ “မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ သတင်းမှားတွေ ပြန့်ပွားနေချိန်မှာ အများပြည်သူအတွက် ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တစ်ခုပိုပြီး နည်းပါးသွားတာဖြစ်တယ်” လို့ ဖိလစ်ပိုင်နိုင်ငံလုံးဆိုင်ရာ သတင်းထောက်များသမဂ္ဂက ပြောကြားခဲ့ပါတယ်။
Ref; CNA