MT News
Photo & Written by Nyein Kyaw
ရှင်တစ်ထောင်အခါတော်နေ့နဲ့ အမေများနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၅ ရက်၊ ပြာသိုလပြည့်နေ့မှာ အများပြည်သူတွေက ရွှေတိဂုံ စေတီတော်မြတ်ကြီးမှာ ကုသိုလ်ပြု လာရောက်ဖူးမြော်နေကြတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။
ပြာသိုလပြည့်နေ့ဟာ ဂေါတမဘုရားရှင်လက်ထက် ရသေ့ညီနောင်တွေဖြစ်တဲ့ အစ်ကိုကြီး ဥရုဝေလကဿပ ဦးဆောင်တဲ့ ရသေ့ ငါးရာ၊ အစ်ကိုလတ် နဒီကဿမ ဦးဆောင်တဲ့ ရသေ့သုံးရာနဲ့ ညီငယ် ဂယာကဿပ ဦးဆောင်တဲ့ ရသေ့ညီနောင် နှစ်ရာတို့ဟာ သူတို့ရဲ့ အယူဝါဒကိုစွန့်ပြီး ဗုဒ္ဓသာနာတော်သို့ ကူးပြောင်းရောက်ရှိလာတဲ့နေ့ဖြစ်လို့ ရှစ်တစ်ထောင်အခါတော်နေ့ဖြစ်သလို ဒါရိုက်တာ၊ ဆရာရေးဆရာကြီး ဦးသုခက ၁၉၉၅ ခုနှစ်မှာ ပြာသိုလပြည့်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်ခဲ့တာမို့ အမေများနေ့လည်းဖြစ်ပါတယ်။