၂၂. ၁. ၂၀၂ ၄
Written by Pan Ei
ထိုင်းနိုင်ငံရှိ တောရိုင်းတိရိစ္ဆာန်နဲ့ အပင်ထိန်းသိမ်းရေးဌာန (DNP) ဟာ ထိုင်းနဲ့ မြန်မာနယ်စပ် သစ်တောတွေကြားမှာ “နိုင်ငံသားနှစ်မျိုး” ရှိတယ်လို့ ခေါ်နိုင်တဲ့ ကျားသုံးကောင်ကို ကင်မရာတွေကနေတစ်ဆင့် ရှာဖွေတွေ့ရှိပြီးနောက် သစ်တောတွေကြားမှာ ဖြတ်သန်းသွားလာနိုင်တဲ့ ကျားတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံ နှစ်ခုလုံး ပြန့်နှံ့တဲ့ဒေသဖြစ်တဲ့ ထိုင်းဘက်ကTanao Si တောင်တန်းမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေမှာ မကြာသေးမီက ကျားသုံးကောင်ကိုတွေ့ရှိခဲ့ပြီး Tha Sae ခရိုင် Tambon Song Phi Nong သစ်တောမှာလည်း ကျားခြေရာတွေ တွေ့ရှိခဲ့တယ်လို့ မနေ့က အတည်ပြုခဲ့ကာ အဲ့ဒါဟာ ကင်မရာမှာ တွေ့ရှိခဲ့တဲ့ ကျားတွေလားဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။
အထက်ဖော်ပြပါ ကင်မရာစစ်တမ်းကတော့ DNP နဲ့ Freeland ဖောင်ဒေးရှင်းတို့အကြား ပူးတွဲပရောဂျက်က ရရှိခဲ့တာဖြစ်ပြီး သစ်တောထဲမှာ ကင်မရာ ၂၄ လုံး တပ်ဆင်ထားတာပါ။
ထိုင်းနဲ့ မြန်မာသစ်တောတွေကြား ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ယူဆချက်နဲ့ အဆိုပါ တိရစ္ဆာန်တွေဟာ နယ်နိမိတ်ဖြတ်ကျော် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ အကြိမ်ရေနဲ့ နိုင်ငံရဲ့ ကျားအရေအတွက်မှာ ပါဝင်နေမှု ရှိ၊ မရှိကို လေ့လာဖို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးရုံးကို တာဝန်ပေးထားတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Ref; The Thaiger, Khaosod