၁၆. ၁. ၂၀၂၄
Written by Nay Moe
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့(CID) ရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကို ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီ ၅ မိနစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး CID ရုံး ရှေ့ဂိတ်ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ Yangon Army နဲ့ မဟာမိတ်ဖြစ်တဲ့ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး နောက်ထပ်ပစ်မှတ်ကြီးတွေကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ အမှန်တကယ်လုပ်ဆောင်ခဲ့မှုဟုတ်မဟုတ်နဲ့ ထိခိုက်မှု ရှိမရှိကို MT News က ဆက်လက်အတည်ပြုစိစစ်နေပါတယ်။