၁၄.၁.၂၀၂၄
Written By Thandar
စာပေအနုပညာနယ်ပယ် ပေါင်းစပ်ပြီး “စာပေဂီတရသမျှဝေခြင်း” အစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ The Lantern House Classic Art Area မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်မရဲ့ အက်ဆေးတွေ ခေတ်လူငယ်တွေက စာပေတွေ ကဗျာတွေကို ဒီအတိုင်းဖတ်ပြနေရင် စိတ်မဝင်စားသလို ပျင်းစရာလည်း ဖြစ်လာနိုင်တယ်။ ဒါကြောင့် အစ်မတို့က စာပေတွေကို Classical Guitar နောက်ခံ တေးဂီတဖျော်ဖြေ ဖတ်ပြလိုက်တော့ ရသတစ်မျိုးပေါ်လွင်စေတာပေါ့နော်။ စာရေးသားချိန်မှာ အရိုးသားဆုံးဝါကျတွေကို စေတနာနဲ့ရေးသားဖြစ်ပါတယ်။ တခြားစာရေးဆရာတွေလည်း ဒီလိုပဲနေမှာပါ။ ကျွန်မ နှလုံးသားထဲ ဖြစ်တည်လာတဲ့ အကြောင်းအရာတွေကို ” သူများတွေလည်း ရပါစေ ” ဆိုတာလေးနဲ့ ရေးဖွဲ့ထားပါတယ်”လို့ စာရေးဆရာမ အေးမွန်က MT News ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ကဗျာဆရာမ၊ စာပေဆရာမတွေဖြစ်တဲ့ တူးတူးမြင့်သိန်း ၊ စန်းစန်းနွဲ့ (သာယာဝတီ) ၊ ခင်သန္တာ ၊ မိချမ်းဝေ ၊ အောင်လင်း ၊ မအိ ၊ မင်းဝေဟင် ၊ ဒေါ်သန်းမြင့်အောင် ၊ မေအောင်လင်း စတဲ့ သူတွေလည်းတက်ရောက်ခဲ့ကြပါတယ်။
ဆရာမ အေးမွန်ရဲ့ ” သူများတွေလဲ ရပါစေ ” အက်ဆေးစာအုပ်က အက်ဆေးရွက်ဖတ်ပွဲမှာတော့ ဆရာအရိုး၊ ဆရာဘုဏ်းသိုက်၊ ဆရာမ ထက်မြတ်နိုင်ဇင်၊ ဆရာမအေးမွန်တို့က ကဗျာစာတွေ ရွတ်ဖတ်ပြီး ဆရာမောင်မောင်သီ၊ ဆရာမင်းသူကိုတို့က Classical Guitar နောက်ခံ တေးဂီတ တီးခတ်မှုနဲ့ တီးခတ်ပံ့ပိုးမျှဝေခဲ့ကြပါတယ်။