၁၄. ၁. ၂၀၂၄
Written By Thandar
မလေးရှားနိုင်ငံ ဘာတာဝပ်မြို့ရှိ ကလပ်တစ်ခုမှာ ဇန်နဝါရီ ၁၃ ရက် ညပိုင်းက Sexy မော်ဒယ်ဖူးပွင့်ခိုင်ရဲ့ အသက် ၂၆ နှစ်ပြည့် မွေးနေ့ကိတ်ခွဲနေချိန်မှာ မလေးရှားနိုင်ငံက ရဲတွေ ဝင်ရောက်ဖမ်းဆီးတယ်လို့ သိရပါတယ်။
” မဖူးပွင့်ခိုင်နဲ့ အေမီဈာန်ရယ် DJ တီးတဲ့သူရယ် အေမီဈာန်ရဲ့ မန်နေဂျာရယ် အဖမ်းခံရတာလို့ သိရတယ်။ ပြန်တော့ လွတ်မလာသေးဘူး ထင်တယ်။ သူတို့ နှစ်ယောက်က Passport Visa ရှိပြီးသားမို့ လွှတ်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်ကတိုင်လို့ လူ ၂၀၀ နီးပါးလောက် အဖမ်းခံရတယ်။ တချို့ပြန်လွတ်သူတွေလည်း ပြန်လွှတ်ပေးတယ်လို့ ကြားရတယ်။ သေချာအဆက်အသွယ်မရသေးပါဘူး” လို့ သူတို့နဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံခဲ့ရသူတွေမှာ မြန် မာနိုင်ငံသား ၂၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဖူးပွင့်ခိုင်ရဲ့ မွေးနေ့ပွဲပါတီတက်ဖို့ တစ်ဦးကို မလေးရှားငွေ ရင်းဂစ် ၈၀ ဝင်ကြေးပေးလာကြည့်သူတွေကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။