◾ အဆိုးနဲ့အကောင်း ဒွန်တွဲနေတဲ့ ဘာဘာဗင်ဂါ ရဲ့ ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်တွေ ဘယ်လောက်မှန်နိုင်မလဲ
၂၈.၁၂.၂၀၂၃
Translated by Htwe Ko Tun
အသိဉာဏ်ထူးကိုရရှိထားတဲ့ အနာဂတ်ဖြစ်ရပ်တွေကို ကြိုတင်သိမြင်နိုင်တဲ့ အမျိုးသမီးကြီးအဖြစ် မှတ်ယူခဲ့ကြတဲ့ ဘူလ်ဂေးရီးယားနိုင်ငံသူ အမျိုးသမီးကြီး ဘာဘာ ဗင်ဂါရဲ့ ၂၀၂၄ ခုနှစ်အတွက် ကြိုတင်ခန့်မှန်းချက်တွေက ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့သာ ပြည့်နှက်လို့နေတယ်လို့ ဆိုကြပါတယ်။
အမည်ရင်းအရ Vangelia Pandeva Gushterova လို့ သိကြတဲ့ ဘာဘာဗင်ဂါက အံ့ဩထိတ်လန့်ဖွယ်ဖြစ်အောင်ကို မှန်ကန်တဲ့၊ ထူးခြားတဲ့အနာဂတ်ခန့်မှန်းမှုတွေကို ငယ်စဉ်ဘဝထဲက ပြောနိုင်ခဲ့သူပါ။ သူမက အသက် ၈၆ နှစ်အရွယ် ၁၉၉၆ ခုနှစ်က ကွယ်လွန်ခဲ့ပါပြီ။ ဒါပေမယ့်ယုံကြည်သူတွေကတော့ သူမရဲ့အနာဂတ်ခန့်မှန်းမှုလုပ်ငန်းကနေ ကြိုတင်ခန့်မှန်းဟောပြောချက် ကမ္ဘာကြီးအတွက် တိကျတဲ့ခန့်မှန်းချက်တွေအဖြစ် စူးစမ်းဖတ်ရှုနေကြဆဲပါ။
ဘာဘာဗင်ဂါရဲ့ ပရိသတ်တွေက သူမကို မင်းသမီးဒိုင်ယာနာ ကွယ်လွန်မှု၊ ရုရှားရေငုပ်သင်္ဘော Kursk နစ်မြုပ်မှု၊ ၉/၁၁ အကြမ်းဖက်မှုကြီးဖြစ်ပွားမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုတို့ကို ဟောကိန်းထုတ် ခန့်မှန်းနိုင်ခဲ့သူလို့ဆိုကြပါတယ်။
ဒီလိုပါပဲ။ ဘာဘာဗင်ဂါက ဟောပြောခန့်မှန်းတာလို့မှတ်ယူရမယ့် ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်တွေက ၂၀၂၃ ခုနှစ်အကုန်ပိုင်းမှာ စိတ်ဝင်စားဖွယ်အတိနဲ့ပေါ်ပေါက်လာပြန်ပါတယ်။
ပထမခန့်မှန်းချက်မှာတော့ ၂၀၂၄ ခုနှစ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ရုရှားနိုင်ငံသားတစ်ဦး လက်ချက်နဲ့လုပ်ကြံခံရမယ်လို့ဆိုခဲ့ပါတယ်။
ဒုတိယခန့်မှန်းချက်မှာတော ဘာဘာဗင်ဂါက ဥရောပ တိုက်ဟာ ဇီဝလက်နက်စမ်းသပ်မှုတွေနဲ့တိုက်ခိုက်မှုတွေဖြစ်နိုင်တဲ အ့ဓိကနိုင်ငံကြီးတစ်ခုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံရမယ်လို့ဆိုပြန်ပါတယ်။
တတိယခန့်မှန်းချက်မှာတော့ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာကြီးဟာ ကြီးမားလှတဲ့စီးပွားရေးပျက်ကပ်ကြီးနဲ့ရင်ဆိုင်ရဖွယ်ရှိပြီး စီးပွားရေးအလေးသာမှုကလည်း အနောက် အုပ်စုကနေ အရှေ့အုပ်စုထံ ပြောင်းလွဲ ရောက်ရှိမယ်လို့ဆိုခဲ့ပါတယ်။
စတုတ္ထခန့်မှန်းချက်ကတော့ ကြောက်မက်ဖွယ် သဘာဝဘေးအန္တရာယ်တွေကို ကမ္ဘာအနှံ့တွေ့ကြုံလာနိုင်တယ်လို့ဆိုခဲ့တာပါ။
တစ်ခါ ပဉ္စမခန့်မှန်းချက်မှာ ဆိုက်ဘာတိုက်ခိုက်မှုတွေမြင့်လာနိုင်တယ်လို့ဆိုထားပါတယ်။ တစ်ဆက်တည်းမှာ ကမ္ဘာ့နိုင်ငံတွေရဲ့ ရေအားလျှပ်စစ်အခြေခံအဆောက် အအုံတွေ နဲ့ ရေအားထောက်ပံ့မှုနဲ့ဆိုင်တဲ့စက်ရုံလုပ်ငန်းတွေ တိုက်ခိုက်မှုခံရနိုင်တယ်လို့ ပြောထားပါတယ်။
သူမရဲ့ ဆဋ္ဌမခန့်မှန်းချက် နည်းပညာတော်လှန်ရေးတိုးတက်မှုတွေဖြစ်လာနိုင်တယ်လိုဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ဘာဘာဗင်ဂါရဲ့ သတ္တမမြောက်နောက်ဆုံးခန့်မှန်းချက်မှာတော့ ဆေးဘက်ဆိုင်ရာ အခက်အခဲတွေကို ထိုးဖောက်ကျော်လွှားနိုင်မှုတွေလည်း တွေ့ရမယ်လို့ခန့်မှန်းထားပြန်ပါတယ်။ ဥပမာ အယ်လ်ဇိုင်းမားနဲ့ ကင်ဆာ တို့အပါအဝင် ကုသမရနိုင်သေးတဲ့ရောဂါတွေအတွက် ကုထုံးသစ်တွေပေါ်လာမယ်လို့ ခန့်မှန်းထားပြန်ပါတယ်။
ဒါကြောင့်လည်းအဆိုးနဲ့အကောင်း ဒွန်တွဲနေတဲ့ ဘာဘာဗင်ဂါ ရဲ့ ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်တွေ ဘယ်လောက်မှန်နိုင်မလဲစောင့်ကြည့်ရမှာပါ။
Ref- dailyrecord.co.uk