တံတားပြုပြင်မှုတွင် ပါဝင်ပါက အသက်အန္တရာယ်တာဝန်မယူဟုပါ ပြည်သူကို ခြိမ်းခြောက်
၂၅. ၁၂. ၂၀၂၃
ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းဒေသ၊ တောင်ငူ -လိပ်သို-လွိုင်ကော်ဆက်သွယ်ရေးလမ်းပိုင်းရှိ ချောင်းကူး တံတားတစ်စင်းအား ဒီဇင်ဘာ ၂၄ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၉ မိနစ်တွင် KNU တပ်မဟာ-၂၊ တပ်ရင်း-၅ ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု မိုင်းခွဲဖျက်ဆီးရာတွင်ပါဝင်သည့် သံတောင်-PDF က ထုတ်ပြန်ထားသည်။
အဆိုပါလမ်းပိုင်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက သံတောင်မြောက်ပိုင်းရှိ တပ်စခန်းများအား စစ်ကူနှင့် ထောက်ပံ့ရေးအတွက် အသုံးပြုနေသည့် ထောက်ပို့ လမ်းကြောင်းဖြစ်သည့်အတွက် မိုင်းခွဲကာ ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်းလည်း People Defence Force-Thandaung က ဝန်ခံထားသည်။
ထို့ပြင် တံတား ပြည်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ခြင်း မပြုကြရန်လည်း ပြည်သူများကို သတိပေးထားပြီး ပါဝင်ပတ်သက်ပါက အသက်အန္တရာယ် တာဝန်မယူကြောင်းလည်း People Defence Force-Thandaung က ခြိမ်းခြောက်ထားသည်။