၂၁. ၁၂. ၂၀၂၃
Writer & Photo Thandar
ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက Lotte Hotel မှာ ကျင်းပခဲ့တဲ့ ကိုနိုင်ဖြိုးကျော်နဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ရဲ့ မင်္ဂလာပွဲကို ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးတို့ သားအမိအတူ တက်ရောက်ခဲ့ကြပါတယ်။
“Congratulations အရမ်းကို လှပပြီး အရမ်းထူးခြားတဲ့ အရာတစ်ခုရဲ့ အစအတွက် Kit & Eric ကို ဂုဏ်ယူပါတယ် Happily Ever After “လို့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးက ပရိသတ်သိအောင် ပြောလာပါတယ်။
ဖွေးဖွေးတို့ သားအမိဝတ်ဆင်ထားတဲ့ ဝတ်စုံလေးကိုတော့ ဒီဇိုင်နာ ငြိမ်းကို (Chic & chic)က ဖန်တီးပေးထားတာလည်းဖြစ်ပါတယ်။