၁၈. ၁၂. ၂၀၂၃
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်နယ်မြေရဲစခန်းက ရဲတပ်ကြပ် တင်မိုးဇော် ကို ဆိုင်ကယ်စီးလာတဲ့ ကော့မှူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် PDF၂ ဦးက အနီးကပ်ပစ်ခတ်သတ်ဖြတ်မှု ဒီဇင်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်က ဒီဇင်ဘာ ၁၇ ရက်၊ မနက်ခင်း မွန်းမတည့်ခင် ၁၁ နာရီ ၂၅ မိနစ်အချိန်က ကော့မှူးမြို့နယ်၊ တလုတ္ထော်ကျေးရွာအုပ်စုနဲ့ ကညင်ငူကျေးရွာအုပ်စု၊ အင်းလျားချောင်ကျေးရွာကြား လမ်းပေါ်မှာ ကျိုက်ထော်နယ်မြေရဲစခန်းက ရဲတပ်ကြပ် တင်မိုးဇော်ဟာ ဆိုင်ကယ်ဘေးတွဲနဲ့ သွားလာနေချိန် ဆိုင်ကယ်တစ်စီးပေါ်က ကော့မှူးပကဖအဖွဲ့ဝင် PDF ၂ ဦးက ရဲတပ်ကြပ် တင်မိုးဇော်ကို အနီးကပ် ပစ်ခတ်လို့ အခင်းဖြစ်ရာနေရာမှာ သေဆုံးသွားတာပါ။
ဒီဖြစ်ရပ်အပေါ် ကော့မှူးပကဖက အရပ်ဝတ်နဲ့ နယ်မြေဆင်း PDF သတင်းထောက်လှမ်းသူ ရဲတပ်ကြပ်တင်မိုးဇော်ကို တလုတ္ထော်ကျေးရွာနဲ့ အင်ယားချောင်ရွာကြားမှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ရဲတပ်ကြပ်တင်မိုးဇော်ဟာ PDF တွေကို ဖမ်းဆီးရာမှာ အဓိကပါဝင်သူဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။