၁၆. ၁၂. ၂၀၂၃
Written by Nay Moe
၁၁၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းသုံးဖွဲ့စတင်ချိန်ကနေ ဒီဇင်ဘာ ၁၅ ရက် ကာလအတွင်း စစ်ကြောင်းမှူးစောလားအပါအဝင် PDF ၈ ဦးသေထားတယ်လို့ Lion Battalion Commando ဗျုဟာစစ်ကြောင်းက အသိပေးထားပါတယ်။
အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ Lion Battalion Commando-ဗျူဟာစစ်ကြောင်းကကြာအင်းဆိပ်ကြီးတိုက်ပွဲ၊ ချောင်းနှစ်ခွတိုက်ပွဲနဲ့ ကော့ကရိတ်တိုက်ပွဲတွေမှာ စစ်ကြောင်းမှူးဗိုလ်စောလားအပါအဝင် PDF ၈ ဦးသေဆုံးခဲ့တာပါ။ ဗိုလ်စောလားက နိုဝင်ဘာ ၂ ရက်မနက်က ကြာအင်းဆိပ်ကြီးကိုဝင်တိုက်ချိန် သေခဲ့တာဖြစ်ပြီး အလောင်းတောင်မကောက်နိုင်ဘဲ ဆုတ်ခွာပြေးချိန်မှ တွေ့တဲ့ရုပ်အလောင်းက ဗိုလ်စောလားဖြစ်နေလို့ သေဆုံးကြောင်းထုတ်ပြန်ခဲ့တာပါ။
Lion Battalion စစ်ကြောင်းက သေတဲ့ ၈ ယောက်ကို နာမည်ထုတ်ပြန်မထားပေမဲ့လည်း လူမှုကွန်ရက်စာရင်းတွေအရ သေတဲ့အထဲမှာ စစ်ကြောင်းမှူးစောလားအပြင် လှိုင်သာယာမှာ အမျိုးသမီးငယ်တစ်ဦးကို လူအုပ်နဲ့ဖမ်းဆီးရိုက်နှက်လုယက်သတ်ဖြတ်တဲ့ တရားခံ ပြေး ဂျပန်ကြီး၊ တွတ်ပီ၊ ငြိမ်းချမ်း၊ သားပေါက်(ခ) ဂျက်ဝမ်း၊ ကိုနေ(ခ) ကွန်မန်ဒို၊ ကျားကြီး၊ ဇော်ကိုကို စတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။