MT News
၉. ၁၂. ၂၀၂၃
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လောင်းကစားမှုများကို စီမံချက်ရေးဆွဲ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစား ဖမ်းဆီးရမိမှုများအဖြစ် လောင်းကစားမှု ၁၆၇ မှု မှုဖမ်းမိခဲ့ပြီး ကျပ် ၁၉၆၅ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိခဲ့သည့်အမှုများမှာ နှစ်လုံးထီအမှု ၁၁၁ မှုမှ တရားခံ ၁၃၅ ဦးဖမ်းမိခဲ့ပြီး ကျပ် ၁၄,၁၂၂,၅၀၀ သိမ်းဆည်းရမိကာ၊ ချဲထီအမှု ၁၂ မှုမှ တရားခံ ၁၂ ဦးဖမ်းမိပြီး ကျပ် ၁,၀၆၃,၇၀၀၊ ဖဲမှု ၂၆ မှုမှ တရားခံ ၁၁၈ ဦးနှင့် ကျပ် ၄,၀၂၀,၈၀၀ နှင့် အခြားလောင်းကစားမှု ၁၈ မှုမှ တရားခံ ၁၀၄ ဦးနှင့် ၁၇၇,၃၇၈,၉၀၂ ကျပ်တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး စုစုပေါင်း လောင်းကစားမှု ၁၆၇ ခု ဖမ်းမိတရားခံ ၃၆၉ ဦးနှင့် ၁၉၆,၅၈၅,၉၀၂ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
ထို့ပြင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လောင်းကစားမှုမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်ကိုင်ဖုန်း ၁၀၉ လုံး၊ ဆိုင်ကယ် ၂၉ စီး၊ ကား ၅ စီး၊ လက်တော့ပ် ၄ လုံး၊ ဂိမ်းစက် ၇ လုံးနှင့် ထိုင်းငွေ ၆၂၁၀ ဘတ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။