၅.၁၂. ၂၀၂၃
Written by Nay Moe
ဒီနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၇ နာရီ ၅ မိနစ်မှာ Yangon Army နဲ့ ပူးပေါင်းပြီး သုဝဏ္ဏရဲစခန်းကို ပြင်းအားမြင့်မိုင်းနဲ့ တိုက် ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖက ထုတ်ပြန်ထားပါတယ်။
အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် ည ၇ နာရီ ၃၃ မိနစ်အချိန်တုန်းကလည်း ရန်ကင်းကလေးဆေးရုံရှေ့ကို ပြင်းအားမြင့် မိုင်းနှစ်လုံးခွဲခဲ့ပြီး သူတို့ဘက်ကတော့ ရန်ကင်းရဲစခန်းကို ဖောက်ခွဲတာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ ပြင်းအားမြင့်အဝေးထိန်းမိုင်းနှစ်လုံးကို ရဲစခန်းရှေ့ဘန်ကာနားမှာ ခွဲခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် NUG လုပ်ကိုင်နေတဲ့ PVTV က အဲဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း ရန်ကင်းရဲစခန်းကို တိုက်ခိုက်တယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေမမြင်သာတဲ့ ရန်ကင်းကလေးဆေးရုံရှေ့နားမှာ မိုင်းနှစ်လုံးကို ကားပေါ်ကနေ အလစ်ပစ်ချ ဖောက်ခွဲခဲ့ကြတာဖြစ်ပြီး ဒီဖောက်ခွဲမှုမှာ လူနဲ့ အဆောက်အအုံထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Yangon Army နဲ့ အနောက်ပိုင်းပကဖ PDF အဖွဲ့တွေဟာ နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်ကလည်း ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က လျှပ်စစ်ရုံးစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ်က လျှပ်စစ်ရုံးစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ အဖွဲ့ပါ။
ဒါ့အပြင် Yangon Army PDF အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်လောက်ကလည်း မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းအနီးက နေအိမ်တစ်လုံးကို ရဲမှူးအိမ်ဆိုပြီး ရန်ကုန်အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့၊ Yangon Army ၊ Dark Shadow၊ Urban Worrior တို့ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်သလို အထက်ပါဖြစ်စဥ်အားလုံးမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း သိရပါတယ်။