၄. ၁၂. ၂၀၂၃
Written by Nay Moe
ရဲတပ်သားရဲ့ မိဘနှစ်ပါးဖြစ်နေလို့ဆိုပြီး PDF ၆ ဦးက ကျန်တဲ့သားသမီးတွေရှေ့မှာ လာရောက်သ-ဖြ-သွားမှု တောင်ငူမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်နဲ့ ဒေသတွင်းစုံစမ်းမှုတွေအရ သိရပါတယ်။
ဖြစ်စဥ်ဟာ နိုဝင်ဘာ ၃၀ ည ၇ နာရီခွဲခန့်အချိန်တုန်းက တောင်ငူခရိုင် တောင်ငူမြို့နယ် ကြို့ပင်ဆိပ်ကျေးရွာမှာ နေထိုင်တဲ့ ရဲတပ်သားတစ်ဦးရဲ့ မိဘဖြစ်သူလို့ဆိုတဲ့ ဦးဝင်းရွှေ(၅၇)နှစ်နဲ့ ဒေါ်ကြည်အေး(၅၂)နှစ်တို့ဟာ တခြားသောသားသမီးတွေဖြစ်တဲ့ သားဖြစ်သူ ဇော်ကြီး၊ လင်းခိုင်နဲ့ သမီးဖြစ်သူ မဝင်းစန္ဒာထွေးတို့နဲ့အတူ နေအိမ်မှာရှိနေချိန် PDF အင်အား ၆ ဦးခန့်က နေအိမ်အပေါ်ထပ်ကို တက်ရောက်လာပြီး သေနတ်နဲ့ ၃ ချက်ပစ်ဖောက် ဦးဝင်းရွှေနဲ့ဒေါ်ကြည်အေးကို နေအိမ်အောက်ဆင်းခိုင်းပြီး ဒူးထောက်ထိုင်ခိုင်းကာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဦးဝင်းရွှေမှာ ဦးခေါင်း၊ ဝဲမျက်လုံး၊ ယာရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ဒေါ်ကြည်အေးမှာ မေးစေ့အောက်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာဘက်လက်ခုံပေါက်ပြဲဒဏ်ရာ၊ စုစုပေါင်းဒဏ်ရာ ၂ ချက်နဲ့ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
ဒီသတင်းကို ဒီဇင်ဘာ ၁ ရက်မနက်မှာ တိုင်ကြားလာတာကြောင့် တာဝန်ရှိသူတွေက သေဆုံးသူတွေကို တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံပို့ဆောင်ပြီး သ-ဖြ-သူ PDF အဖွဲ့ဝင်တွေကို အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရှိရပါတယ်။