၂၈. ၁၁. ၂၀၂၃
Written by Min Mahar
အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရုံးအား အမည်မသိအမျိုးသား ၂ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာမှ အနီးရှိ လက်ဖက်ရည်ဆိုင်အတွင်းရှိ TV အား ထိမှန်ကာ ပေါက်ကွဲမှုဖြစ်ပြီး အနည်းငယ်ပျက်စီးသွားကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၂၈ ရက်)မနက် ၈ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ တမာကုန်းရပ်(ဒေသအခေါ်)ရှိ ရပ်ကွက်ရုံးအား ဆိုင်ကယ်တစ်စီးကို အမည်သိအမျိုးသားနှစ်ဦး စီးလာပြီး နောက်မှ ထိုင်လိုက်လာသူက လက်ပစ်ဗုံးဖြင့် ပစ်ပါက်ခဲ့ရာ အနီးရှိ သက်ဇော် -၂ ကဖေးနှင့်အအေးဆိုင်အတွင်းကို ကျရောက်သွား၍ TCL ၄၂ လက်မ TV ရှေ့မှန်ကို ဗုံးထိမှန်ကာပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းငယ်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပေါက် ကွဲမှုအနီးတွင် ဗုံးကလစ် ၁ ခု၊ ဗုံးစနစ်တံ ၁ ချောင်း၊ စပရိန် ၁ ချောင်းတို့ တွေ့ရှိခဲ့သောကြောင့် သိမ်းဆည်းသွားကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မူမရှိဘဲ TV မှန်ပေါက်ထွက်သွားသည့်အတွက် ကာလတန်ဖိုး ၁ သိန်းကျပ်ခန့်၊ ၂ လက်မခွဲပိုက်အပြာတို့ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။