၂၈.၁၁.၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် အမျိုးသားတစ်ဦး အသတ်ခံရပြီး ၎င်း၏ ကားလည်း ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ကနဦး သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြိုနယ်၊ အမှတ်(၄)ရပ်ကွက်၊ (၉)လမ်း၊ အမှတ်(၇၄)၊ မြေညီထပ် (ဝဲ)တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“သေဆုံးသူက အသက် ၆၇ နှစ်အရွယ် အမျိုးသားပါ။ ဦးမောင်ဝင်းလို့ သိရပါတယ်။ ကားအရောင်းအဝယ် လုပ်တာ။ အလောင်းကိုတော့ အိပ်ခန်းမှာ တွေ့တယ်။ အမှုမှန်ပေါ်အောင် စစ်ဆေးနေတယ်” ဟု အထက်ပါနီးစပ်သူက ဆိုသည်။
လက်ရှိတွင် သေဆုံးသူ ပိုင်သည့်ကားမှာလည်း ပျောက်ဆုံးနေကာ ကျူးလွန်သူက ယူသွားသည်ဟု ယူဆထားပြီး အကြောင်းရင်းကို မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။