၂၉. ၁၁. ၂၀၂၃
Written by KL
မွန်ပြည်နယ် ရေးမြို့နယ် သံဖြူဇရပ်-ရေးလမ်းမကြီးတွင် နိုဝင်ဘာ ၂၈ရက် မွန်းလွဲပိုင်းက ၆ ဘီးယာဥ်နှင့် ဆိုင်ကယ်တိုက်ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရွှေဟင်္သာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ မော်လမြိုင်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသော ၆ ဘီးကားနှင့် ကွမ်ကျိုက်လမ်းကြားမှ ထွက်လာသောသည့် အမျိုးသားတစ်ဦးတည်းမောင်းလာသည့်ဆိုင်ကယ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ရရှိသော ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဥ်မတော်တဆမှုကြောင့် သေဆုံးသွားသည့် ဆိုင်ကယ်ယာဉ်မောင်း၏ ရုပ်အလောင်းကို ရွှေဟင်္သာလူမှုကူညီရေးအသင်းက လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းမှတစ်ဆင့် ကုန်းပေါ်ရွာသစ်ကျေးရွာ သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။